တရုတ်နဲ့အတူ ယှဉ်တွဲနိုင်ရေး နည်းလမ်းရှာဖို့ ကန်ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း

Treasury Secretary Janet Yellen speaks on China at Johns Hopkins in Washington

အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေကြပေမယ့် အတူယှဉ်တွဲ နေထိုင်ရေးအတွက် နည်းလမ်းရှာဖို့လိုအပ်သလို နည်းလမ်းလည်း ရှာနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ ပြောပါတယ်။

တရုတ်နဲ့အတူ ယှဉ်တွဲနိုင်ရေး နည်းလမ်းရှာဖို့ ကန်ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း / ဧပြီ ၂၀ ၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေကြပေမယ့် အတူယှဉ်တွဲ နေထိုင်ရေးအတွက် နည်းလမ်းရှာဖို့လိုအပ်သလို နည်းလမ်းလည်း ရှာနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ ပြောပါတယ်။

" အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နဲ့ စီးပွားရေး လမ်းခွဲဖို့လုပ်မှာ မဟုတ်ကြောင်းနဲ့ တကယ်လို့ အမေရိကန်နဲ့ တရုတ်တို့ကြား စီးပွားရေး လုံးဝ လမ်းခွဲမယ်ဆိုရင် ၂ နိုင်ငံစလုံး ဒုက္ခရောက်နိုင်ရုံတင်မကပဲ တကမ္ဘာလုံးအတွက်ပါ တည်ငြိမ်မှုမရှိပဲ ဖြစ်သွားလိမ့်မယ်လို့လည်း Johns Hopkins တက္ကသိုလ်မှာပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

တရုတ်ရဲ့ စီးပွားရေး ကန့်သတ်မှုတွေကို ပံ့ပိုးပေးတာနဲ့အတူ အမေရိကန်ရဲ့ အကျိုးစီးပွား လုံခြုံရေးကို တိုးမြှုင့်ဖို့ ဆောင်ရွက်ရင်း ကမ္ဘာတလွှား တည်ငြိမ်မှု ရှိစေဖို့အတွက် အမေရိကန်-တရုတ် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီး၊ လက်ရှိ ရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာကို အရေးတကြီး ဖြေရှင်းကြဖို့လည်း ဝန်ကြီး Yellen က ပန်ကြားလိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ ကြားကပဲ တရုတ်က ရုရှားနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့သလို အမေရိကန် ဝေဟင်ပိုင်နက်ထဲ တရုတ်ရဲ့ ထောက်လှမ်းရေး မိုးပျံပူဖေါင်း တွေ့ခဲ့တဲ့နောက်ပိုင်း အမေရိကန်- တရုတ် ၂ နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

မနှစ်က နိုဝင်ဘာလထဲ တရုတ်နဲ့ အမေရိကန် သမ္မတ၂ ဦး တွေ့ဆုံခဲ့ချိန်က ဘယ် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတာကို လူချင်းတွေ့ဆုံဆွေးနွေးဖို့ သဘောတူ ခဲ့ကြတာပါ။ အဲဒီချိန်ကစပြီး ၂ နိုင်ငံ အဆင့်မြင့် အရာရှိတွေကြား နောက်ဆုံးတွေ့ဆုံမှုကတော့ ဇန်နဝါရီလထဲ ဆွစ်ဇလန်နိုင်ငံ Zurich မှာ ဝန်ကြီး Yellen နဲ့ တရုတ် ဒုဝန်ကြီးချုပ် Liu He တို့ရဲ့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။

ဝန်ကြီး Yellen က သင့်တော်တဲ့ အချိန်မှာ သူ တရုတ်နိုင်ငံကို သွားရောက်ဖို့ ဆန္ဒရှိကြောင်းလည်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ်နဲ့အတူ ယှဉ်တွဲနိုင်ရေး နည်းလမ်းရှာဖို့ ကန်ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း