ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ၃သန်း ကုလရံပုံငွေချထား
မေလလယ်က ကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ကူညီရေး ရံပုံငွေ ဒေါ်လာ ၃ သန်းချထားပေးလိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
" အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ Martin Griffiths က အပူပိုင်းမုန်တိုင်း မိုခါ ဒဏ်သင့်သူတွေကို အကူညီပေးဖို့ ဗဟိုအရေးပေါ်တုန့်ပြန်ရေး ရံပုံငွေထဲက ဒေါ်လာ ၃ သန်း ချထားပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် ၄ သောင်းကျော်ခိုမှီနေတဲ့ စခန်းတွေကိုရော ဒေသခံတွေရဲ့ အဆောက်အဦးတွေကိုပါ ထိခိုက်ပျက်စီးစေတာကြောင့် ဒါတွေကို ရှင်းလင်း၊ ပြင်ဆင်ဖို့ ရံပုံငွေချထားပေးတာ ဖြစ်ကြောင်း" ပြောပါတယ်။
SEE ALSO: မုန်တိုင်းဒုက္ခသည် ဒေသခံ နှစ်သိန်းကျော်ကို WFP ကူညီခဲ့ဒါ့အပြင် ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ အဖွဲ့တွေ အနေနဲ့ ရံပုံငွေကလည်း မလုံမလောက် ဖြစ်နေတယ် လို့ ပြောပါတယ်။ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှာဆို ရံပုံငွေ မလုံလောက်တဲ့ အတွက် တလကို ဒုက္ခသည်တယောက် အတွက် ၁၀ ဒေါ်လာနှုန်းနဲ့ စားသောက်စားရိတ် ထောက်ပံ့နေရာကနေ အခုဆို ၈ ဒေါ်လာနှုန်းကို လျှော့ချခဲ့ရတာ ဖြစ်ပြီး ဒါတာ တယောက်ကို ထမင်းတနပ်အတွက် ၉ ဆင့် တောင်မပြည့်တဲ့ အနေထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒါဟာ မတ်လတုန်းက တယောက်ကို တလ ၁၂ ဒေါ်လာနှုန်းကနေ ၃ လအတွင်း ဒုတိယအချီ လျှော့ချရတာလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည် တသန်းလောက် အတွက် အစားအသောက် အပါအဝင် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ အဟာရပြည့်ဝရေး၊ လုံခြုံရေးနဲ့ အကာကွယ်ပေးရေးတွေဟာ လူသားစာနာမှု အကူညီတွေပေါ် မှီခိုနေရတာပါ။ ဒါတွေအတွက် ဒေါ်လာငွေ သန်း ၅၀ အရေးပေါ်ချထားပေးဖို့လည်း WFP က တောင်းခံထားပါတယ်။
Your browser doesn’t support HTML5