ကုန်သွယ်ရေးမူဝါဒ တရုတ်နဲ့ ဂျာမဏီ အပြန်အလှန်ဝေဖန်

Chinese Foreign Minister Wang Yi delivers a speech at the Munich Security Conference at the Bayerischer Hof Hotel in Munich, Germany, Feb. 17, 2024.

Chinese Foreign Minister Wang Yi delivers a speech at the Munich Security Conference at the Bayerischer Hof Hotel in Munich, Germany, Feb. 17, 2024.

ကုန်သွယ်ရေးမူဝါဒ တရုတ်နဲ့ ဂျာမဏီ အပြန်အလှန်ဝေဖန်

တနေရာထဲမှာ ပုံပြီး မှီခိုအားထားတာမျိုးကို ရှောင်ရှားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကို ကုန်သွယ်ရေးကနေဖယ်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် သမိုင်းဝင် အမှားကြီးတရပ် ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ စနေနေ့က ပြောဆိုခဲ့ပါတယ်။

ကုန်သွယ်ရေးမှာ တရုတ်အပေါ်ပုံပြီး မှီခိုအားထားတာကို ရှောင်ဖို့နဲ့ အဓိကလိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းမှုကို တနေရာထဲက မဟုတ်ဘဲ နေရာအတော်များများ ဖြန့်ခွဲထားဟာ ပိုမိုဘေးအန္တရာယ် ကင်းရှင်းတဲ့ ချဥ်းကပ်မှုမျိုးဖြစ်တယ်လို့ ညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဂျာမနီနိုင်ငံကပြောပါတယ်။

ဒီချဉ်းကပ်မှုပုံစံဟာ အခြားစက်မှုစီးပွားအင်အားကြီး ၇ နိုင်ငံ G7 အဖွဲ့ဝင်တွေရဲ့ချဉ်းကပ်မှုနဲ့လည်း ကိုက်ညီပါတယ်။ ဒါဟာ တရုတ်ကို ထိခိုက်အောင်လုပ်ဖို့ မဟုတ်ဘူးလို့ ဂျာမနီက ပြောဆိုပါတယ်။ တရုတ်နိုင်ငံကတော့ ဒီမဟာဗျူဟာကို ဝေဖန်ပါတယ်။

SEE ALSO: တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ ဖိလစ်ပိုင် ဆွေးနွေး

ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တာကသာ ကြီးမားတဲ့အန္တရာယ် ဖြစ်တယ်ဆိုတာကို ဒီကနေ့ လူအများ သိရှိ သဘောပေါက် လာကြပါတယ်။ ဘေးအန္တရာယ် လျော့ချဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကို ကုန်သွယ်ရေးကနန ဘေးဖယ်ထားဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သမိုင်းဝင် အမှားကြီးကို ကျူးလွန်ရာ ရောက်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တကမ္ဘာလုံး အသွင်ဆောင်တဲ့ စီးပွားရေးပုံစံကို ဦးတည်သွားနေရာမှာ နောက်ကြောင်းပြန်လှည်ဖို့ မရနိုင်ပါဘူး။ အားလုံး အကျိုးကျေးဇူး ခံစားရဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့အတွက် တကမ္ဘာလုံးအသွင်ဆောင်မှုကို အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောပါတယ်။

ဒါ့အပြင် ဝီဂါမွတ်ဆလင်တွေရှိရာ ရှင်ကျန်းဒေသမှာ အဓမ္မလုပ်အားခိုင်းစေမှုတွေ ရှိတယ်ဆိုတာဟာ မဟုတ်မမှန်စွပ်စွဲချက်သာဖြစ်ပြီး၊ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုဟန့်တား ဖို့ရည်ရွယ်လုပ်ဆောင်တာသာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကုန်သွယ်ရေးမူဝါဒ တရုတ်နဲ့ ဂျာမဏီ အပြန်အလှန်ဝေဖန်