တရုတ် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးညီလာခံ FOCAC ၂၀၂၄ ထိပ်သီးအစည်းအဝေးကို တရုတ်ပြည် ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ အထိ ၃ ရက်ကြာကျင်းပခဲ့ပြီး အာဖရိကအတွက် ၃ နှစ်အတွင်း ငွေကြေးအကူအညီ ဒေါ်လာ ၅၁ ဘီလီယံထောက်ပံ့ဖို့ တရုတ်က ကတိပြုခဲ့ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ၃ နှစ် တကြိမ် ပြုလုပ်တာဖြစ်ပြီး၊ ကိုဗစ် ကပ်ရောဂါဘေး ပြီးနောက် ဒါဟာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပတာ ဖြစ်ပါတယ်။ ဒီထိပ်သီးအစည်းအဝေးကို အာဖရိကတိုက်နိုင်ငံတွေက ခေါင်းဆောင် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။
ဒီထိပ်သီးအစည်းအဝေးမှာ အဓိကအချက် (၂) ချက်ကို သဘောတူခဲ့ကြပါတယ်။ ခေတ်သစ်တခုကိုဖော်ဆောင်နိုင်မယ့် တရုတ်-အာဖရိက အသိုင်းဝိုင်းတရပ်ကို ထူထောင်သွားဖို့နဲ့ လာမယ့် ၃ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်သွားဖို့ဖြစ်ပါတယ်။
SEE ALSO: တရုတ် BRI စီမံကိန်းနဲ့ အာဖရိကတိုင်းပြည်များတရုတ်နဲ့ အာဖရိကနိုင်ငံအတွေအကြား သံတမန် ဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့်တန်းအဖြစ် မြှင့်တင်သွားဖို့ သမတ ရှီကျင်းဖျင်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့အပြင် အာဖရိကမှာ ခေတ်မီ အဆင့်မြှင့်ရေးလုပ်ငန်းတွေအကောင်အထည် ဖော်နိုင်ဖို့ လာမယ့် ၃ နှစ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၁၀ ခုကိုလည်း သမတ ရှီကျင်းဖျင်က တင်ပြခဲ့ပါတယ်။
တရုတ် သမ္မတ ရှီကျင်းဖျင်နဲ့ အာဖရိကနိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တရုတ်ဟာ အာဖရိကမှာ သြဇာလွမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေသလို၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဖရိကမှာ ပြိုင်ဆိုင်မှုတွေရှိနေပါတယ်။
Your browser doesn’t support HTML5