မြန်မာ COVID-19 ကူးစက်သူ ၁,၇၉၀၊ သေဆုံးသူ ၈၅ ယောက်ထပ်တိုး

Volunteers treat a coronavirus (COVID-19) patient in the town of Kale

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်မူ ၂၀,၄၇၀ လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၇၉၀ ဦးရှိပြီး ၂,၀၀၀ အောက်စကျခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီည ထုတ်ပြန်ပါတယ်။

ဒီ ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၈၅ ဦးအဖြစ် ၉၀ အောက်ပြန်ကျလာတာမို့ သေဆုံး ၁၀၀ အောက်ရောက်တဲ့နေ့တွေ အတော်ရှိလာနေပါပြီ။
ဒါပေမဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း၊တကယ်သေဆုံးသူက အခုတရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနေ့တုံးကကတော့ ၂၄,၃၆၄ ခုကို စစ်ဆေးခဲ့ရာက ပိုးတွေ့သူ ၂,၄၂၄ ဦးထဲမှာ ရှမ်းပြည်နယ်မှာ အများဆုံးအဖြစ် ၇၂၃ ဦး၊ မကွေးတိုင်းမှာ ဒုတိယအများဆုံးအဖြစ် ၃၀၂ ဦးနဲ့ မန္တလေးမှာ တတိယအများဆုံး ၁၇၂ ဦး တွေ့ရှိခဲ့ပြီး ရန်ကုန်မှာတော့ ၇၈ ဦးသာတွေ့ကာ အဆင့် ၁၀ မှာသာရှိခဲ့ပါတယ်။

ဒီညအထိဆိုရင် COVID-19 ပိုးတွေ့သူစုစုပေါင်း ၄၄၀,၀၀၀ ကျော်၊ ဆေးရုံဆင်းသူ ၃၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်းက ၁၆,၈၀၀ ကျော် ရှိလာပါပြီ။

တချိန်ထဲမှာ စစ်ကောင်စီအနေနဲ့ ရုံးဝန်ထမ်းတွေကို နှစ်ပတ်ဆင်း နှစ်ပတ်နားစနစ်နဲ့ အလှည့်ကျဆင်းစေပြီး ရုံးတွေကို တဝက်သဘော ဒီအပတ်ကစ ပြန်ဖွင့်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအချိန်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာမှာ စက်တင်ဘာလ ၁၅ ရက်နေ့အထိဆိုရင် လူဦးရေစုစုပေါင်း ၅ သန်းနီးပါးကို ကာကွယ်ဆေးထိုးပေးပြီးသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

........................................................................................

Your browser doesn’t support HTML5

မြန်မာ COVID-19 ကူးစက်သူ ၁,၇၉၀၊ သေဆုံးသူ ၈၅ ယောက်ထပ်တိုး



(Unicode)





