(Zawgyi / Unicode)
ရသေ့တောင်မြို့နယ်က သဇင်မြိုင် နယ်ခြားရဲကင်းစခန်းကို AA က ဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ထဲက ရဲတပ်ဖွဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေအနက်က အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တဦးကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်ဖမ်းထားတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“မနေ့က သဇင်မြိုင်စခန်းကို သိမ်းတုန်းက ပါလာတဲ့ အမျိုးသမီး ကလေးတယောက်ကိုတော့ မနေ့ကတည်းက ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်ဗျ။ ကျန်တဲ့ ဒီ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ယောက်ကိုတော့ ကျနော်တို့ ရခိုင်တပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီးတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျနော်တို့က ဆက်လက်ပြီး ထိန်းသိမ်းထားဆဲပဲရှိတယ်။”
ရဲမိသားစုဝင်တွေကို သဇင်မြိုင်စခန်းနဲ့ ၅ မိုင်အကွာက အောက်ကျောင်းတောင်ကျေးရွာမှာ ပြန်လွှတ်ပေးခဲ့တယ်ဆိုတာ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ရွာကတဆင့် ဒီမှာ စေတီပြင်နယ်မြေရဲစခန်းကို ပို့ပေးလိုက်တယ်။ အခုမှ ဒီ မြို့နယ်ထွေအုပ်ဆီ ပို့ပေးရဖို့ ကျနော်တို့ မြို့နယ်ထွေအုပ်ကို ပို့ပေးရဖို့ အစီအစဉ်လုပ်နေတယ်။ ၃ ယောက်။ ၃ ယောက်က အမျိုးသမီးနှစ်ယောက် ကလေးတယောက်ပါ။ အဲဒါ အခုက စေတီပြင်မှာပါ။”
တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုုပ် ဇော်မင်းထွန်းကတော့ ပြန်လွတ်လာတဲ့သူတွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆက်သွယ် ရရှိနေပြီလို့ ပြောပါတယ်။
“ကျနော်တို့ ဒီ ကျေးရွာတရွာမှာ ထားခဲ့တယ်လို့တော့ သတင်းရတယ်။ အုပ်ချုပ်ရေးပိုင်းကတော့ အဆက်သွယ်ရနေပြီလို့ ကျနော်တို့ သိရပါတယ်ဗျ။”
ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဆက်ပြီး ဖမ်းထားတယ်လို့ AA ဘက်က ပြောပေမယ့် တပ်မတော်ဘက်ကတော့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။
သဇင်မြိုင် ရဲကင်းစခန်းကနေ ရော့ကက်လောင်ချာတလက် အပါအဝင် လက်နက် ၁၄ လက် ရခဲ့ပြီး တပ်ဘက်က အကျအဆုံးရှိတယ်လို့ ခိုင်သုခက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က အတည်မပြုခဲ့ပါဘူး။
AA ရဲ့ အခုလိုတိုက်ခိုက်မှုမျိုးဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
“တကယ့် တိုင်းရင်းသားအခွင့်အရေးတွေ လက်နက်ကိုင် တောင်းဆိုတာ မဟုတ်တော့ဘူး။ အဲဒါကြောင့်လည်း ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဖြစ်တယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့တော့ အစိုးရအနေနဲ့ သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးပေါ့နော်။ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေး ဒါတွေကိုတော့ တပ်မတော်က ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။”
၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်မှာ AA ဘက်ကနေ ရဲကင်းစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ၅ ကြိမ်ရှိပြီလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
AA နဲ့ မြန်မာ့တပ်မတော်ကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ရှောင်နေတဲ့ အောက်မီးလက်ဝကျေးရွာက ရွာသူတဦး ရွာကို ခေတ္တအပြန်မှာ လက်နက်ကြီးမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ အောက်မီးလက်ဝကျေးရွာသား တဦးက အခုလို ပြောပါတယ်။
“ဒီ ၉ နာရီမတိုင်ခင်မှာ ကျနော်တို့ ဟိုဘက်မှာ ထင်းယူဖို့ လာကူးတယ်။ လာကူးတဲ့အချိန်မှာ အပြန်မှာ လက်နက်ကြီး ပစ်တဲ့အခါမှာ ထိသွားလို့လေ။ ဗမာစစ်တပ် တောင်ပေါ်ကပစ်တာထင်တယ်။ အဘွားကြီးတယောက် သေသွားလို့ ဒီမှာရောက်နေပြီ။ အခု ပလက်၀ ရင်ခွဲရုံမှာ။”
ပလက်ဝမြို့ တဖက်ကမ်းကနေ အောက်မီးလက်ဝရွာဘက် လှေနဲ့ကူးလာပြီး အပြန်မှာ လက်နက်နဲ့ ပစ်ခံရတာဖြစ်ပြီး သေဆုံးသူအဘွားအိုကိုတော့ ဒီနေ့မွန်းလွဲပိုင်းမှာ သဂြုႋဟ်လိုက်ပြီး ဖြစ်ပါတယ်။
SEE ALSO: ရခိုင်နဲ့ ချင်းပြည်နယ်က ရွာတွေမီးရှို့ခံရမှု စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုဒီပစ်ခတ်မှုမှာ နယ်မြေခံစစ်တပ်ကနေ ပစ်ခတ်တယ်လို့ ဒေသခံရွာသားတွေက ယူဆပြောဆိုနေပေမယ့် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီဖြစ်စဉ်ကို မသိသေးသလို ပလက်ဝဘက်မှာ စစ်ရေးတင်းမာနေဆဲလို့ ဆိုပါတယ်။
“ပလက်ဝဘက် အခြေအနေ ကျနော်လည်း မသိဘူး။ ပလက်ဝမြို့ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်တွေမှာတော့ AA အဖွဲ့တွေတော့ ရှိနေတုန်းပဲဖြစ်တယ်။ သူတို့ အဓိက အခြေပြုနေတဲ့ တောင်ကုန်းတွေပေါ်မှာတော့ ကျနော်တို့ တပ်ကနေပြီးတော့ လုံခြုံရေးအရ လိုက်လံဆောင်ရွက်နေတဲ့ဟာတော့ ရှိပါတယ်။”
ဒီမီးရှို့တာ ဘယ်အဖွဲ့ရဲ့လက်ချက်လို့ တိတိကျကျ မပြောနိုင်ပေမယ့် မီးမလောင်ခင်မှာ မြန်မာစစ်တပ်က ရွာထဲဝင်ရောက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်တွေမှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စစ်ရှောင်အရေအတွက်ဟာ ရခိုင်ပြည်နယ်ဘက်မှာ ၁၆၀,၀၀၀ ကျော်ရှိနေပြီး ပလက်ဝမြို့နယ်မှာ ၈၀၀၀ လောက်ရှိနေပြီလို့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
-----------------------------
(Unicode)
SEE ALSO: ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေရဆဲပလကျဝမွို့ တဖကျကမျးကနေ အောကျမီးလကျဝရှာဘကျ လှနေဲ့ကူးလာပွီး အပွနျမှာ လကျနကျနဲ့ ပဈခံရတာဖွဈပွီး သဆေုံးသူအဘှားအိုကိုတော့ ဒီနေ့မှနျးလှဲပိုငျးမှာ သဂွုႋဟျလိုကျပွီး ဖွဈပါတယျ။