(Zawgyi/Unicode)
ရိုက်တာသတင်းဌာနက ဆန်းစစ်ခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ထဲမှာ ထိုင်းနိုင်ငံဟာ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ အသက် ၆၀ နှစ်နဲ့အထက် လူကြီးအရေအတွက် အနည်းဆုံးနိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အသက် ၆၀ နှစ်နဲ့အထက် ထိုင်းနိုင်ငံသား ခန့်မှန်းအရေအတွက် ၁၁ သန်းနီးပါးမှာ ၆.၇% ပဲ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးရသေးပြီး အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အထိ ထိုင်းနိုင်ငံသားတွေကတော့ ၁၅% ထိ ကာကွယ်ဆေး ထိုးပြီးသွားပြီဆိုတာ ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ရိုက်တာသတင်းဌာနက ပထမဆုံးအကြိမ်အဖြစ် ဆန်းစစ်လေ့လာတာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အိမ်နီးချင်း မလေးရှားနိုင်ငံမှာတော့ သြဂုတ်လ ၂ ရက်နေ့အထိဆိုရင် လူဦးရေရဲ့ ၄၂% ပဲ ကာကွယ်ဆေး ထိုးပြီးချိန်မှာ သက်ကြီးရွယ်အိုအရေအတွက် ၆၄% ထက်မနည်း ကာကွယ်ဆေးထိုးပြီးသွားပါပြီ။ အင်ဒိုနီးရှားမှာ သက်ကြီးရွယ်အိုအရေအတွက် ၁၇% ပဲ ကာကွယ်ဆေး ထိုးပြီးသေးတယ်ဆိုတာတောင်မှ လူဦးရေစုစုပေါင်းရဲ့ ၁၃% ပဲ ထိုးပြီးသေးတာနဲ့ နှိုင်းယှဉ်ရင် ပိုများနေဆဲပါပဲ။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တကျော့ပြန်တိုးလာနေပြီး ပွဲတော်ကာလဖြစ်တဲ့ အောက်တိုဘာလ ပတ်ဝန်းကျင်မှာ ကူးစက်မှု နောက်ထပ် မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ကိုဗစ်ကူးစက်မှု အဆိုးရွားဆုံးလှိုင်းနဲ့ သီတင်းပတ်အတော်ကြာ ရင်ဆိုင်ခဲ့ရတဲ့ တောင်ကိုရီးယားမှာတော့ ကူးစက်မှု စပြီး လျော့ကျနေပြီလို့ မျှော်လင့်ရကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
.........................................................................................
Your browser doesn’t support HTML5
(Unicode)