ကိုဗစ်တိုက်ဖျက်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၃၅ ဘီလီယံ ထပ်လို

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres

(Zawgyi/Unicode)

COVID-19 ကာကွယ် ကုသဆေး ထုတ်လုပ်နိုင်ဖို့နဲ့ ရလာတဲ့ဆေးကို ကမ္ဘာတလွှား မ ျှမ ျှတတ ဖြန့်ဖြူးပေး ရေးဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ACT (Access to COVID-19 Tools) အစီအစဉ် အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။ ဒီရန်ပုံငွေထဲမှာ လာမယ့် ၃ လ အတွက် ဒေါ်လာ ၁၅ ဘီလီယံ လည်းပါဝင်ပါတယ်။

ACT အစီအစဉ်ကနေ COVID-19 ကာကွယ်ဆေးနဲ့ ကုသရေးဆိုင်ရာ အမြန်တိုးတက်မှု ရလာစေဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နေသူတွေရဲ့ ကြာသပတေးနေ့ အွန်လိုင်းအစည်းအဝေးမှာ ကုလအတွင်းရေးမှူးချုပ် က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ် အတွက် အခုဆို ဒေါ်လာ ၃ ဘီလီယံလောက် ပေးနိုင်ပြီဖြစ်ပေမယ့် ဒါဟာ WHO က ကနဦး မတည်ငွေအဖြစ် လိုအပ်တဲ့ လျာထားချက်ထက် ၁၀ % လျော့နေသေးတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဒီအစီအစဉ် စတင်တာကနေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်ဖို့ ဒေါ်လာ ၃၅ ဘီလျံ လိုအပ်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ကာကွယ်ဆေးဆိုင်ရာ ၂ ဦး ၂ ဘက် သဘောတူညီမှု ရယူနေသူတွေနဲ့ ဒီကပ်ရောဂါအတွက် ကာကွယ်ဆေးကို ကိုယ့်နိုင်ငံ အတွက်ပဲ ကြည့် နေကြတာတွေဟာ ကမ္ဘာ့နိုင်ငံအားလုံး မ ျှမ ျှတတ လက်လှမ်းမီစေဖို့နဲ့ တိုးတက်မှုတွေကို နှောင့်နှေးစေ နိုင်တယ် လို့လည်း အစည်းအဝေးမှာ ထောက်ပြပါတယ်။

အီးယူ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံ အစိုးရတွေက ကာကွယ်ဆေး ဆိုင်ရာ ၂ ဦး ၂ ဖက် သဘောတူညီချက်တွေရအောင် လုပ်ဆောင်နေကြချိန်မှာ ACT အစီအစဉ်အတွက် ရန်ပုံငွေ ကတော့ သတ်မှတ်ချက်ထက် အများကြီး နည်းနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်တိုက်ဖျက်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၃၅ ဘီလီယံ ထပ်လို


...................


(Unicode)




