(Zawgyi/Unicode)
အေမရိကန္ ျပည္ေထာင္စု ေဂ်ာ္ဂ်ီယာ ျပည္နယ္ Atlanta ၿမိဳ႕မွာ လူမည္း အမ်ိဳးသား တဦး ရဲက ေသနတ္နဲ႔ ပစ္လို႔ ေသဆံုးခဲ႔ရၿပီးေနာက္ အဲဒီ ေသနတ္နဲ႔ ပစ္ခဲ႔တဲ႔ လူျဖဴ ရဲအရာရွိကို တရားစြဲဆိုမလားဆိုတာကို ဒီရက္ပိုင္းအတြင္း ဆံုးျဖတ္ႏုိင္ေျခရွိေၾကာင္း အတၱလႏၱာၿမိဳ႕ အစိုးရေရွ႕ေန တဦးက ေျပာပါတယ္။
fast-food စားေသာက္ဆိုင္တခုမွာ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔ေႏွာင္းပိုင္းတုန္းက ရဲနဲ႔ ရုန္းရင္းဆန္ခတ္ျဖစ္ၿပီး ထြက္ေျပးတဲ႔ လူမည္း အမ်ိဳးသားကို ရဲက ေသနတ္နဲ႔ ပစ္လို႔ ေသဆံုးခဲ႔ရတာပါ။ သမီးငယ္ ၃ ေယာက္ရဲ႕ ဖခင္ စားေသာက္ဆိုင္ ၀န္ထမ္း တဦးျဖစ္တဲ႔ အသက္ ၂၇ ႏွစ္ အရြယ္ Rayshard Brooks ေသဆံုးရမႈနဲ႔ ပတ္သက္တဲ႔ အခ်က္အလက္ေတြကို သံုးသပ္ေနေၾကာင္းလည္း အတၱလႏၱာၿမိဳ႕က အစိုးရေရွ႕ေန Paul Howard က CNN ရုပ္သံကို တနဂၤေႏြေန႔မွာ ေျပာဆိုတာ ျဖစ္ပါတယ္။
အရက္ေသစာ ေသာက္စားထားေၾကာင္း စစ္ေဆးေတြ႔ရွိခဲ႔တဲ႔ Rayshard Brooks ကို ရဲေတြက လက္ထိပ္ခတ္ဖို႔ ႀကိဳးစားခဲ႔ေၾကာင္း၊ အဲဒီမွာဘဲ Brooks က Fast-food စားေသာက္ဆိုင္ Wendy’s ရဲ႕ ကားရပ္နားရာေနရာကေန ထြက္ေျပးဖို႔ ႀကိဳးစားၿပီး လူေတြကို သတိေမ႔သြားေစတဲ႔ ေလဆာ ေသနတ္ကို ရဲဆီက လုယူ၊ ေနာက္ ရဲအရာရွိ Rolfe ကို ခ်ိန္ရြယ္ခဲ႔ေၾကာင္း၊ အဲဒီေနာက္မွာေတာ့ ရဲအရာရွိ Garrett Rolfe က ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ Brooks ေသဆံုးခဲ႔ရတာလို႔ အာဏာပိုင္တို႔က ေျပာဆိုထားပါတယ္။
ေသနတ္နဲ႔ ပစ္ခဲ႔တဲ႔ ရဲတပ္ဖြဲ႔၀င္ Rolfe ကိုေတာ့ အတၱလႏၱာ ရဲတပ္ဖြဲ႔က ခ်က္ခ်င္းဘဲ အလုပ္ထုတ္ခဲ႔ပါတယ္။ ေနာက္ Brooks ကို ဖမ္းဆီးတာမွာ ပါတဲ႔ ေနာက္ထပ္ ရဲအရာရွိ Devin Brosnan ကိုေတာ့ ဒီကိစၥ စံုစမ္းေနဆဲ ကာလအတြင္း လစာနဲ႔ ခြင့္ေပးထားပါတယ္။
Your browser doesn’t support HTML5
Atlanta က လူမည္းအမ်ိဳးသား ေသဆုံးမႈ အေရးယူစဲြခ်က္ တင္ဖို႔ရွိ
...............
Atlanta က လူမည်းအမျိုးသား သေဆုံးမှု အရေးယူစွဲချက် တင်ဖို့ရှိ
(Unicode)
အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် Atlanta မြို့မှာ လူမည်း အမျိုးသား တဦး ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရပြီးနောက် အဲဒီ သေနတ်နဲ့ ပစ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားစွဲဆိုမလားဆိုတာကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်နိုင်ခြေရှိကြောင်း အတ္တလန္တာမြို့ အစိုးရရှေ့နေ တဦးက ပြောပါတယ်။
fast-food စားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းတုန်းက ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးတဲ့ လူမည်း အမျိုးသားကို ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရတာပါ။ သမီးငယ် ၃ ယောက်ရဲ့ ဖခင် စားသောက်ဆိုင် ဝန်ထမ်း တဦးဖြစ်တဲ့ အသက် ၂၇ နှစ် အရွယ် Rayshard Brooks သေဆုံးရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သုံးသပ်နေကြောင်းလည်း အတ္တလန္တာမြို့က အစိုးရရှေ့နေ Paul Howard က CNN ရုပ်သံကို တနင်္ဂနွေနေ့မှာ ပြောဆိုတာ ဖြစ်ပါတယ်။
အရက်သေစာ သောက်စားထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ Rayshard Brooks ကို ရဲတွေက လက်ထိပ်ခတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲဒီမှာဘဲ Brooks က Fast-food စားသောက်ဆိုင် Wendy’s ရဲ့ ကားရပ်နားရာနေရာကနေ ထွက်ပြေးဖို့ ကြိုးစားပြီး လူတွေကို သတိမေ့သွားစေတဲ့ လေဆာ သေနတ်ကို ရဲဆီက လုယူ၊ နောက် ရဲအရာရှိ Rolfe ကို ချိန်ရွယ်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ ရဲအရာရှိ Garrett Rolfe က သေနတ်နဲ့ ပစ်ခတ်တာကြောင့် Brooks သေဆုံးခဲ့ရတာလို့ အာဏာပိုင်တို့က ပြောဆိုထားပါတယ်။
သေနတ်နဲ့ ပစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် Rolfe ကိုတော့ အတ္တလန္တာ ရဲတပ်ဖွဲ့က ချက်ချင်းဘဲ အလုပ်ထုတ်ခဲ့ပါတယ်။ နောက် Brooks ကို ဖမ်းဆီးတာမှာ ပါတဲ့ နောက်ထပ် ရဲအရာရှိ Devin Brosnan ကိုတော့ ဒီကိစ္စ စုံစမ်းနေဆဲ ကာလအတွင်း လစာနဲ့ ခွင့်ပေးထားပါတယ်။