ရုရှားသမ္မတနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဖို့ သမ္မတ Biden အဆင်သင့်

အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin

(Zawgyi/Unicode)

ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး ယိုယွင်းလာနေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂလန် Cornwall မြို့မှာ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ရဲ့ ၄၇ ကြိမ်မြောက် ထိပ်သီးညီလာခံနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) နဲ့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့ပြီးနောက် ဥရောပခရီးစဉ် အဆုံးမသတ်ခင်မှာ သမ္မတ ဘိုင်ဒင် ရုရှားသမ္မတနဲ့ တွေ့ဆုံမှာပါ။ ဂျီနီဗာမြို့ကို အင်္ဂါနေ့က ရောက်လာပြီးနောက် သတင်းထောက်တွေ မေးမြန်းရာမှာတော့ ရုရှားသမ္မတနဲ့ တွေ့ဖို့ အစဉ်အမြဲ အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ရုရှားသမ္မတကတော့ အမေရိကန်ရုပ်သံ NBC News နဲ့ မကြာသေးခင်က မေးမြန်းခန်းမှာ ၂ နိုင်ငံ ဆက်ဆံရေးဟာ မကြာသေးခင်နှစ်တွေအတွင်း အနိမ့်ဆုံးကို ကျဆင်းလာကြောင်း ပြောဆိုခဲ့တာပါ။ သမ္မတဟောင်း Donald Trump လက်ထက် ဖင်လန်နိုင်ငံ Helsinki မြို့မှာ ထိပ်သီးတွေ့ဆုံရာမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ဖူးပေမဲ့ ဒီတကြိမ် တွေ့ဆုံမှုအပြီးမှာတော့ အမေရိကန်သမ္မတ ဘိုင်ဒင်က တကိုယ်တော် သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ကြောင်း အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုထားပါတယ်။

ရုရှားသမ္မတနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ သမ္မတဟောင်း Trump ကတော့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်စွက်ဖက်ခဲ့တာ မရှိကြောင်း သမ္မတ Putin ရဲ့ ပြောကြားချက်အပေါ် သံသယမရှိကြောင်း အမေရိကန် ထောက်လှမ်းရေး ဌာနတွေရဲ့ သုံးသပ်ချက်နဲ့ ဆန့်ကျင်ပြောဆိုခဲ့တာပါ။

သမ္မတဘိုင်ဒင် အနေနဲ့ ထိပ်သီးတွေ့ဆုံရာမှာ ဆွေးနွေးတဲ့ ကိစ္စတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ တကိုယ်တော် သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရုရှားသမ္မတနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဖို့ သမ္မတ Biden အဆင်သင့်


...........

ရုရှားသမ်မတနဲ့ ဗုဒ်ဓဟူးနေ့ တှေ့ဆုံဖို့ သမ်မတ Biden အဆငျသင့ျ

(Unicode)




