နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတွေကို လူသစ်တွေနဲ့ Biden အစားထိုးခန့်အပ်

နိုင်ငံခြားရေးဌာန ဒုတိယအကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းခဲ့တဲ့ Wendy Sherman (ဝဲ) နဲ့ နိုင်ငံရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခဲ့တဲ့ Victoria Nuland (ယာ)။

(Zawgyi / Unicode)

အရွေးကောက်ခံသမ္မတ Joe Biden က စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထိပ်တန်းတာဝန်တွေအတွက် သူခန့်ထားမယ့်သူတွေကို ထပ်မံ ကြေညာခဲ့ပါတယ်။

အီရန်နိုင်ငံနဲ့ နျူကလီးယားဆိုင်ရာ ၂၀၁၅ သဘောတူစာချုပ် ချုပ်ဆိုရေးမှာ အဓိကညှိနှိုင်းရေးမှူးတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Wendy Sherman ကို နိုင်ငံခြားရေးဌာန ဒုတိယအကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဌာန ပြောခွင့်ရအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ Victoria Nuland ကို အမေရိကန် နိုင်ငံခြားရေးဌာနမှာ တတိယတာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခဲ့တာပါ။

SEE ALSO: William Burns ကို CIA အကြီးအကဲအဖြစ် Joe Biden ရွေးချယ်

နိုင်ငံခြားရေးဌာန စီမံခန့်ခွဲရေးနဲ့ အရင်းအမြစ်ဌာန ဒုတိယဝန်ကြီးအဖြစ် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖြစ် နှစ်ရှည်လများ ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ Brian McKeon ကို Mr. Biden က ရွေးချယ်ထားသလို လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Bonnie Jenkins ကို ရွေးချယ်ခဲ့တာပါ။

အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဖြစ်တော့ Uzra Zeya ကို အမည်စာရင်း တင်သွင်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် Mr. Biden အမည်စာရင်း တင်သွင်းထားတဲ့ Antony Blinken ကို အတည်ပြုရေးအတွက် အင်္ဂါနေ့မှာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ကြားနာဖို့ရှိပါတယ်။

တကယ်လို့ အထက်လွှတ်တော်က အတည်ပြုပေးခဲ့ရင် အခု အမည်စာရင်း တင်သွင်းထားသူတွေဟာ Mr. Blinken လက်အောက်မှာ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတွေကို လူသစ်တွေနဲ့ Biden အစားထိုးခန့်အပ်

----------------------------

(Unicode)





SEE ALSO: နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အကြီးအကဲအဖြစ် Samantha Power ကို Joe Biden ရွေးချယ်



