ဆီးရီးယားမှာ IS စစ်သွေးကြွတွေ ပြန်ပေါ်မလာအောင် Trump အစိုးရလုပ်ဖို့ ဝန်ကြီး Blinken တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ Council on Foreign Relations မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ Council on Foreign Relations မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွတွေ ပြန်ပြီး ပေါ်ထွက်မလာအောင် အသစ်တက်လာမယ့် Trump အစိုးရအနေနဲ့ လုပ်ဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ Council on Foreign Relations မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့တာဖြစ်ပါတယ်။

“ဆီးရီးယားမှာ IS တွေပြန်လည် ပေါ်ထွက်မလာနိုင်အောင် ရွေးကောက်ခံသမ္မတ Trump အနေနဲ့ ခိုင်မာတဲ့မက်လုံးပေး စွဲဆောင်မှုတွေ ရှိနိုင်လိမ့်မယ်” လို့ ထင်ကြောင်း ဝန်ကြီး Blinken က ပြောခဲ့ တာပါ။ IS တွေ ပြန်အားကောင်းမလာအောင် လိုအပ်သမျှတပ်တွေထားရှိတာ၊ အမေရိကန်ရဲ့ မဟာမိတ်တွေ သူတို့အလုပ်ကို ထိထိရောက်ရောက်လုပ်နိုင်အောင်ကူညီတာအပြင် ပိုမိုကောင်းမွန်တဲ့ ဆီးရီးယားနိုင်ငံသစ် တည်ဆောက်ရေးမှာ ပံ့ပိုးကူညီတာက အထိရောက်ဆုံး နည်းလမ်းဖြစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးက‌ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြဿနာဟာ ဆီးရီးယားနိုင်ငံထဲမှာတင်မဟုတ်ဘဲ ဒေသတွင်းကိုပျံ့နှံ့တာမို့ အကြမ်းဖက်မှု တွေ အခြေစိုက်တဲ့နေရာမဖြစ်ဖို့ အရေးကြီးတယ်လို့ သူကထောက်ပြသွားခဲ့ပါတယ်။ ရှေ့လ Trump အစိုးရသစ်ကို အာဏာလွှဲပြောင်းမပေးခင် အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးရအောင် ကူညီဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူကပြောကြားသွားခဲ့ပါတယ်။

အီရန်နိုင်ငံနဲ့ပတ်သက်လို့တော့ ဒေသတွင်းမှာ အခြေအနေမလှဖြစ်နေတဲ့ အီရန်အနေနဲ့ Nuclear လက်နက်ထုတ်လုပ်ရေးကို အလေးအနက်စဉ်းစားနိုင်ကြောင်းနဲ့ ဒါကိုတားဆီးနိုင်ဖို့ ရွေးကောက်ခံ သမ္မတ Trump အနေနဲ့ ညှိနှိုင်းမှုတွေ လုပ်နိုင်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားမှာ IS စစ်သွေးကြွတွေ ပြန်ပေါ်မလာအောင် Trump အစိုးရလုပ်ဖို့ ဝန်ကြီး Blinken တိုက်တွန်း