Cardinal Charles Bo ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသွားရောက်

ရဟန်းအမတ် Charles Bo

အာရှတိုက်ရဲ့ အထင်ကရ ကက်သလစ် ရဟန်းတော် နှစ်ပါးဟာ ဘင်္ဂလားဒေရှ့်မှာ ရှိတဲ့ ကက်သလစ် ရဟန်းတွေနဲ့အတူ Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ၂ ရက်ကြာ သွားရောက်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး Luis Antonio Tagle နဲ့ မြန်မာနိုင်ငံက ရဟန်းအမတ် ကာဒီနယ် ချားလ်စ်ဘို တို့ဟာ အဲဒီစခန်းတွေကို တနင်္လာနေ့က သွားရောက်ခဲ့ကြတာပါ။

တနင်္ဂနွေနေ့တုန်းကလည်း ဘင်္ဂလားဒေရှ့်ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်ပို့ရေးကော်မရှင် အဖွဲ့ အကြီးအကဲ Muhammad Abul Kalam နဲ့ တွေ့ဆုံခဲ့ပါ တယ်။ အဲဒီကော်မရှင်ဟာ Cox’s Bazar က ဒုက္ခသည် စခန်းပေါင်း ၃၀ လောက်ကို ကြီးကြပ်နေတဲ့ အစိုးရခန့် အဓိက အဖွဲ့အစည်း တရပ်ဖြစ်ပါတယ်။ သူတို့နဲ့အတူ ဘင်္ဂလားဒေရှ့် နိုင်ငံက ကာဒီနယ် ရဟန်းအမတ် Patrick D’Rozario နဲ့ စစ်တကောင်းဂိုဏ်းချုပ် Moses Costa တို့လည်း လိုက်ပါခဲ့ကြပါ တယ်။

အရှေ့တောင်အာရှဂိုဏ်းချုပ် ဘုန်းတော်ကြီးနှစ်ပါး လာရောက်တဲ့အတွက် ကျေနပ်ကြောင်း Abul Kalam က ပြောကြားပြီး ဒီပြဿနာနဲ့ပတ်သက်ပြီး တော့လည်း ခြုံငုံသုံးသပ်ပြခဲ့ပါတယ်။

ဧည့်သည်တော် ရဟန်းအမတ် နှစ်ပါးတို့ဟာ ဒုက္ခသည်မိသားစုများစွာနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ဂိုဏ်းချုပ် Tagle အတွက် ဒုတိယအကြိမ်ဖြစ်ပြီး ချားလ်စ် ဘိုအတွက်တော့ ပထမဆုံးအကြိမ်ခရီးစဉ် ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Cardinal Charles Bo ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသွားရောက်