မြန်မာကလေးအလုပ်သမား ၆ သိန်း ဘေးအန္တရာယ် ရင်ဆိုင်လုပ်ကိုင်

မြန်မာနိုင်ငံမှာ အသက်၅နှစ်ကနေ ၁၇နှစ်အကြားရှိတဲ့ ကလေးဦးရေပေါင်း ၁၂သန်းရှိပါတယ်။ အဲဒီအထဲက ၁.၃သန်းဟာ ကလေး အလုပ်သမားတွေဖြစ်ပြီး ၆သိန်းလောက်က အသက်အန္တရယ်ကြုံရနိုင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေကြရတယ် လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့က ဇွန်လ၁၂ရက်နေ့ မနေ့တုန်းက ကျရောက်တဲ့ နိုင်ငံတကာ ကလေးလုပ်အားပပျောက် ရေးနေ့မှာ ပြောလိုက်ပါတယ်။

ဆင်းရဲမွဲတေမှု၊ ပညာဆက်ပြီး သင်ခွင့်မရမှု စတာတွေကြောင့် မိသားစုဝင်ငွေကို ထောက် ပံ့နိုင်ဖို့ အလုပ်ထွက်လုပ်ကြရတဲ့ ကလေးတွေဟာ ဘေးအန္တရာယ်ကြုံရနိုင်တယ်ဆိုတဲ့ နိုးကြားမှုတွေနည်းပါးကြတယ်လို့ ILO ကဖေါ်ပြပါတယ်။

ကျန်းမာရေး၊ ထိခိုက်ဒဏ်ရာရမှုနဲ့ အကျင့်စာရိတ္တပိုင်းအရထိခိုက်နိုင်တဲ့လုပ်ငန်းတွေမှာ မြန်မာ ကလေးပေါင်း ခြောက်သိန်းကျော်လုပ်ကိုင်နေကြရပါတယ်။ နိုင်ငံရဲ့ စီးပွါးရေးအချက်အခြာ ရန်ကုန်မြို့မှာရှိတဲ့ လက်ဘက် ရည်ဆိုင်၊ စားသောက်ဆိုင်တွေကအစ ကျေးလက်ဒေသတွေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအဆုံး မြန်မာကလေး တွေ ပါဝင်လုပ်ကိုင်နေတယ်လို့ ILOကဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ဒီဇင်ဘာလက အဆိုးဆုံးနည်းတွေနဲ့ ကလေးလုပ်အားအသုံးပြုမှုကို တားမြစ်တဲ့ILO စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစာချုပ်အရ အသက်၁၈နှစ် မပြည့်သေးသူတွေကို လုပ်ကိုင်ခွင့်ဟန့်တားတဲ့ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေစာရင်းကို မြန်မာအစိုးရနဲ့ ILO အကြား ပြုစုနေတုန်းပဲရှိသေးတယ်လို့ ILOကပြောပါတယ်။ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁.၃သန်းအနက် ၈၀ရာခိုင်နှုန်းက ကျေးလက်ဒေသတွေက လာကြတာဖြစ်ပြီး ၆၀ရာခိုင်နှုန်းဟာ စိုက်ပျိုးရေး၊ ၁၂ရာခိုင်နှုန်းက ကုန်ထုတ်လုပ်ငန်း၊ ၁၁ရာခိုင် နှုန်းက အရောင်းအဝယ်၊ စက်ပြင် စတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရတယ်လို့ ၂၀၁၅မြန်မာအလုပ်သမားအင်အား စစ် တမ်းမှာဖေါ်ပြထားပါတယ်။

ကလေးလုပ်သား ၈.၅ရာခိုင်နှုန်းဟာ မိန်းကလေးတွေဖြစ်ပြီး ၁၀ရာခိုင်နှုန်းက ယောကျ်ားလေး တွေဖြစ်တယ်လို့ဆိုပါတယ်။

Your browser doesn’t support HTML5

မြန်မာကလေးအလုပ်သမား ၆ သိန်း ဘေးအန္တရာယ် ရင်ဆိုင်လုပ်ကိုင်