လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ်

ပလက်ဝမြို့(ဓာတ်ပုံ - khonumthung.news )

[Zawgyi/Unicode]

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးတွေအဆင်မပြေတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ကုလားတန်ရေလမ်းကြောင်းကို အသုံးပြုကာ ကုန်ပစ္စည်းတွေ ဖလှယ်ပြီး စားဝတ်နေရေးတွေကို ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကျောက်တော်မြို့နယ်ကို သွားတဲ့ ရေလမ်းကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးတာတွေ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ပလက်ဝမြို့ပေါ်မှာ စာနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ပလက်ဝဒေသခံ ဆလိုင်းခင်မောင်က ပြောပါတယ်။

"ဖေဖော်ဝါရီလ ၉ ရက်လောက်ကတည်းက မသွားရတာဗျ။ မသွားရဘူးဆိုတာကလည်း ဘယ်သူမှတားမြစ်ထားတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သွားရင် ကျောက်တော်မြို့နယ် တင်းမရွာ နားလောက် မြန်မာ့တပ်မတော်သားတွေက ပစ်ခတ်တာတွေရှိတယ်။ လှေပေါ်က လူတွေကိုခေါ်တယ် မေးမြန်းတယ်၊ သတ်ဖြတ်တယ်။ ပစ်ခတ်တာတွေရှိတယ် တချို့ဆိုရင် ဒဏ်ရာ ရသွားတာတွေရှိတယ်။ ဟိုတစ်လောကဆိုရင် သေသွားတဲ့ သူတွေတောင်ရှိတယ်။ ကျနော်တို့မှာ လမ်းကြောင်းက ဒီရေလမ်းကြောင်းတစ်ခုပဲ ရှိတာပေါ့နော်။ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်ထားတာပေါ့။ အခုက ကားလမ်းကတော့ ပေါက်နေပြီ သွားလို့မရဘူး။ ကုန်းလမ်းကသွားရင်လည်း ပစ်တယ်၊ ရေလမ်းကသွားရင်လည်း ပစ်တယ် ဘယ်ကမှ သွားလို့မရဘူးအခုက။"

SEE ALSO: ရခိုင်နဲ့ချင်းက စစ်ရှောင်တွေအကြား COVID-19 ကူးစက်မယ့်အရေး စိုးရိမ်နေ

လက်ရှိအချိန်ထိ ပလက်ဝမြို့ဘက်မှာ စားနပ်ရိက္ခာတွေ ရှားပါးနေသလို ကုန်းဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ သူကဆက်ပြောပါတယ်။

"အခက်အခဲကတော့ ကျနော်တို့မှာ အများကြီးရှိတယ်။ ဆန်ဆိုရင်အရင်တုန်းက အကောင်းမျိုးမှ ၄၀,၀၀၀ လောက်ကျတာ အခုကတော့ ဆန်တစ်အိတ်ကို ၁၀၀,၀၀၀ ကျော်လောက်ရှိတယ်ဗျာ။ နောက်ပြီးတော့ စားသောက်ကုန်တွေကလည်း အရင်တုန်းက ရှိတာထက် ၄ ဆလောက်တက်သွားတယ်ဗျာ။ အရင်တုန်းက ၅၀ ဆိုရင် အခု ၂၀၀ အရင်တုန်းက ၅၀၀ ဆိုရင် အခု ၂,၀၀၀ ဖြစ်သွားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ပေးလား၊ မလုပ်ပေးလားတော့ မသိဘူး။ မြို့ခံတွေကတော့ တော်တေ်ာလေးကို အကျပ်အတည်း ဖြစ်နေကြတယ်ဗျာ။ ပိုက်ဆံရှိတဲ့ သူတွေက သိပ်မခက်ခဲပေမဲ့ ဆင်းရဲသားတွေကတော့ တော်တော်လေးကို အခက်အခဲဖြစ် တယ်ဗျာ။"

ပလက်ဝဒေသခံတွေ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြတ်လပ်တာတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အချိန်နဲ့ တပြေးညီ တင်ပြထားပေမဲ့ လက်ရှိအချိန်ထိ ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်တာတွေကို ရင်ဆိုင်နေရတုန်းပဲလို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဆလိုင်မျိုးထိုက်က ပြောပါတယ်။

"အခက်အခဲရှိတယ်ဆိုတာက မြို့ပေါ်မှာနေတဲ့ သူတွေရော ပြီးတော့အနီးအနားကျေးရွာတွေမှာ နေတဲ့သူတွေရော ကျေးရွာတွေမှာ တိုက်ပွဲရှောင်တဲ့အနေနဲ့ နေတဲ့ တချို့ မြို့ပြင်ပကျေးရွာတွေမှာ ရှိတယ်လေ။ သူတို့မှာ စားဖို့မရှိဘူးဆိုပြီးတော့ ကျနော့်ကိုလှမ်းပြီးတော့ ဖုန်းနဲ့ အကြောင်းကြားတာတွေ ရှိတယ်။ ကုန်ဈေးနှုန်းက ရိက္ခာပြတ်တယ်ဆိုတော့ တက်မှာပဲလေ။ ကျနော်ကတော့ သိပ်ပြောစရာ မရှိဘူး။ ကျနော်ကတော့ သက်ဆိုင်ရာ တွေကို အကြောင်းကြားပေးတယ်။ လူထုတွေ လှမ်းပြီးတော့ အကူအညီတောင်းတာတွေကို ချင်းပြည်နယ် အစိုးရအဖွ့ဲ့ကိုရောက် အချိန်နဲ့ တပြေးညီအကြောင်းကြားပေးပါတယ်။"

SEE ALSO: WFP ရိက္ခာထောက်ပံ့ရေးယာဉ်တန်း ဆမီးမြို့အနီး ပစ်ခတ်ခံရ

အဲဒီ ပလက်ဝနဲ့ ကျောက်တော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းကို ပိတ်ဆို့ထားတာမဟုတ်ပေမယ့် ရေလမ်းကြောင်းပြေးဆွဲနေတဲ့ စက်လှေတွေကို စစ်ဆေးတာတွေ ပစ်ခတ်တာတွေကြောင့် သေဆုံးသူတွေ ထိခိုက် ဒဏ်ရာတာတွေ ရှိတာကြောင့် ဒေသခံတွေက မသွားရဲကြတော့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့လပိုင်းလောက်ကလည်း ပလက်ဝနယ်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ သွားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ယာဉ်တန်းက လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပလက်ဝမြို့နယ်တွေမှာ ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသေးလို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ်

[Unicode Version]

လကျနကျကိုငျအန်တရာယျကွောင့ျ ပလကျဝမှာ ရိက်ခာပွတျ








SEE ALSO: ပလက်ဝမှာ AA နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်


