တရုတ်နိုင်ငံ၊ Qingdao မြို့မှာ ပြည်တွင်း ကိုဗစ်ရောဂါကူးစက်သူတွေ့

COVID ရောဂါရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးကို တရုတ်နိုင်ငံ Qingdao မြို့မှာ တွေ့ရ။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ဖြစ်နေတာမှာ ဒီကနေ့ တရုတ်နိုင်ငံမှာ ကူးစက်သူ လူနာသစ် ၁၁ ယောက်ရှိပါတယ်။ ဒီထဲမှာ Qingdao မြို့က ပြည်တွင်းကူးစက်သူ ၁ ယောက်နဲ့ ကျန် ၁၀ ယောက်က ပြည်ပကပြန်လာသူတွေဖြစ်တယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောပါတယ်။ လတ်တလော ပြည်ပက ပြန်လာသူ ၂၂၇ ယောက် ရောဂါကူးစက်ထားတာကို တွေ့ပေမဲ့ သူတို့မှာ ရောဂါလက္ခဏာသိပ်ပြီး မပြင်းထန်ဘူးလို့ ကျန်းမာရေး ကော်မရှင်ကပြောပါတယ်။ အခုထိ ပြည်ပကူးစက်သူပေါင်း ၃,၀၀၀ ကျော်မှာ ၂,၈၀၀ ကျော်ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့လည်း ပြောပါတယ်။ ပြည်ပကူးစက်သူတွေထဲ သေဆုံးတာတော့မရှိပါဘူး။ တရုတ်နိုင်ငံတွင်း အခုထိ COVID-19 ကူးစက်သူ ၈၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၆၀၀ ကျော်ရှိပါတယ်။

SEE ALSO: ကိုဗစ်ကုသဆေးစမ်းသပ်မှု Eli Lilly ယာယီဆိုင်းငံ့

အိန္ဒိယမှာတော့ ဒီကနေ့ COVID-19 ကြောင့်သေဆုံးသူ ၆၈၀ ရှိပြီး ဒါဟာ ၃ လနီးပါးအတွင်း တရက်တာသေဆုံးမှုနှုန်း အနည်းဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက တရက်ကို ၁,၀၀၀ ကျော်လောက်သေဆုံးခဲ့တာပါ။ စုစုပေါင်း သေဆုံးသူက ၁၁၁,၀၀၀ ကျော်ရှိပါတယ်။ အစောပိုင်းတုန်းက တရက်ကူးစက်သူ ၉၀,၀၀၀ ကျော်ရှိတာကနေ အခု ၇၀,၀၀၀ ကျော်ထိ ပြန်ကျလာပြီးတဲ့နောက်ပိုင်း ကူးစက်သူ အရေအတွက် ကျဆင်းလာနေပါတယ်။

အင်ဒိုနီးရှားမှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၄,၄၀၀ ကျော်နဲ့ စုစုပေါင်း ကူးစက်သူ ၃၄၀,၀၀၀ ကျော်ရှိပါတယ်။ ဒါဟာ အရှေ့တောင်အာရှတွင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်လာတာပါ။ သေဆုံးသူပေါင်း ၁၂,၂၀၀ ကျော်ရှိပါတယ်။ ဖိလစ်ပိုင်မှာတော့ ဒီကနေ့ ကူးစက်သူ ၂,၂၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ရှိပါတယ်။ စုစုပေါင်း ရောဂါကူးစက်ထားသူ ၃၄၀,၀၀၀ ကျော်ရှိပြီး အင်ဒိုနီးရှားပြီးရင် အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံ၊ Qingdao မြို့မှာ ပြည်တွင်း ကိုဗစ်ရောဂါကူးစက်သူတွေ့

[Unicode Version]



SEE ALSO: ကပ်ရောဂါ ထိန်းချုပ်ရေးကန့်သတ်မှု ဥရောပတလွှား ပြန်လည်တင်းကြပ်

