ကန်လွှတ်တော်အမတ်တချို့ တရုတ်ဒဏ်ခတ်အရေးယူ

အမေရိကန် အထက် လွှတ်တော် အမတ် Ted Cruz

[Zawgyi/Unicode]

ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို အားနည်းအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်တို့က ဟောင်ကောင်နဲ့ တရုတ် တာဝန်ရှိသူ ၁၁ ဦးကို ဒဏ်ခတ်အရေးယူတာလိုက်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငံကလည်း အမေရိကန်တာဝန်ရှိသူတွေအပါအဝင် အမေရိကန်နိုင်ငံသား ၁၁ ဦးကို တနင်္လာနေ့က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

တရုတ်တို့ ဒဏ်ခတ် အရေးယူတဲ့အထဲ အမေရိကန် အထက် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Ted Cruz ၊ Marco Rubio ၊ Tom Cotton ၊ Josh Hawley ၊ Pat Toomey နဲ့အောက်လွှတ်တော်အမတ် Chris Smith အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့တခြားပရဟိတအဖွဲ့တွေက လူပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

SEE ALSO: ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ အရာရှိတချို့ကို ကန် ဒဏ်ခတ် အရေးယူ

အမေရိကန်တို့ ဒဏ်ခတ်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူနေတဲ့ သူတွေအပေါ် ဒဏ်ခတ်အရေးယူတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါ တယ်။ ဒဏ်ခတ်မှု အသေးစိတ် အချက်အလက်တွေကိုတော့ ရှင်းလင်းပြောကြားတာ မရှိပါဘူး။

အမေရိကန် သမ္မတ Donald Trump

ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်နဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါအပေါ် တရုတ်တို့ ကိုင်တွယ်ပုံတွေ အပါအဝင် ကိစ္စ တော်တော် များများကြောင့် အမေရိကန် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးက မကြာခင်လတွေထဲ ဆိုးဆိုးရွားရွား တင်းမာနေတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အမေရိကန်နိုင်ငံက ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam နဲ့အတူ ဟောင်ကောင်ရဲ့ လက်ရှိနဲ့ အရင်က ရဲတပ်ဖွဲ့အကြီးအကဲတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေကို သမ္မတ Donald Trump လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန်လွှတ်တော်အမတ်တချို့ တရုတ်ဒဏ်ခတ်အရေးယူ

[Unicode Version]




SEE ALSO: ဟောင်ကောင်တတ်ကြွလှုပ်ရှားသူတွေ အမေရိကန် အကာအကွယ်ပေးမည်

