ဥတုရာသီပြောင်းလဲစေမှုတိုက်ဖျက်ရေးအမိန့်တွေ သမ္မတ Joe Biden လက်မှတ်ထိုး

Biden

(Zawgyi/Unicode)

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မယ့် အဆင့်လိုက် အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်ပါတယ်။ သိပ္ပံနည်းပညာဆိုင်ရာ သိက္ခာသမာဓိရှိရှိ၊ သက်သေအထောက်အထား ခိုင်မာတဲ့ မူဝါဒချမှတ်မှုတွေအဖြစ် သူတို့ အစိုးရအနေနဲ့ပြန်လည် ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်မှာ မနေ့က ပြုလုပ်တဲ့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

”မျှော်လင့်ချက်အပြည့်နဲ့ အခွင့်အလမ်းများစွာရှိနေတဲ့ အနာဂတ်ဖြစ်ဖို့ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်မြင့်မားမှုကို ဖြေရှင်းဆောင်ရွက် ကိုင်တွယ်ရမှာဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတရာထူးသက်တမ်း လေးနှစ်ထမ်းဆောင်မယ့် ဘိုင်ဒန်အနေနဲ့ ပထမ သီတင်းပတ်အတွင်းမှာ သမ္မတ အထူးအာဏာအမိန့်နဲ့ လက်မှတ်ရေးထိုးပြဌာန်းချက်တွေဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၃၅ ခုနှစ်အရောက်မှာ ကာဗွန်ညစ်ညမ်းမှုကင်းမဲ့တဲ့ စွမ်းအင်ကဏ္ဍ ရရှိစေမှာဖြစ်သလို၊ ၂၀၅၀ ပြည့်နှစ်အရောက်မှာတော့ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့GHG ထုတ်လွှင့်မှုကို လုံးဝဖယ်ရှားပေးမှာဖြစ်တယ်လို့လည်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အချိန်ပိုင်းအတွင်းမှာပဲ ၂၀၁၆ ခုနှစ် နိုင်ငံတကာဆိုင်ရာ ပဲရစ် ရာသီဥတုပြောင်းလဲမှု သဘောတူညီချက်မှာ အမေရိကန် ပြန်ပြီး ဝင်ရောက်ဖို့ သူရည်ရွယ်ထားကြောင်းလည်း ဘိုင်ဒန်က ကြေညာခဲ့တာပါ။ သူ့အစိုးရလက်ထက်မှာ အမေရိကန် ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၄ ရွေးကောက်ပွဲမှာ ရှုံးနိမ်းခဲ့တဲ့ ဒီမိုကရက် သမ္မတလောင်း ဂျွန်ကယ်ရီကို ဂျိုးဘိုင်ဒန်က ခန့်အပ်ခဲ့ပါတယ်။

.................................................................

Your browser doesn’t support HTML5

ဥတုရာသီပြောင်းလဲစေမှုတိုက်ဖျက်ရေးအမိန့်တွေ သမ္မတ Joe Biden လက်မှတ်ထိုး


ဥတုရာသီပွောငျးလဲစမှေုတိုကျဖကြျရေးအမိန့ျတှေ သမ်မတ Joe Biden လကျမှတျထိုး

(Unicode)


