(Zawgyi/Unicode)
မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ကာကွယ်ဆေး ထိုးထားပြီးသားလူတွေ ထပ်ပါလာပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဆေးထိုးပြီးသား ဝန်ထမ်းသုံးဦး ပိုးကူးခဲ့တာပါ။ ဒီအကြောင်းအပါအဝင် မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
မောင်တောမြို့မှာ ကြာသပတေးနေ့က ကိုဗစ်အတည်ပြုလူနာ ၇ ယောက်ထဲ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသူ သုံးဦးလည်း ပါဝင်နေပြီး မောင်တော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သူအမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီးသူတွေဖြစ်ပေမဲ့ သံသယကြောင့် စစ်ဆေးလိုက်တဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဗွီအိုအေကိုပြောပါတယ်။
"ဘယ်လိုပုံစံမျိုးနဲ့ တွေ့တာလဲဆိုတော့ ရောဂါလက္ခဏာပြလို့ သူကဆေးရုံကိုလာပြီးစစ်တော့ တွေ့တာပေါ့နော်။ ဆေးကတော့ Covishield လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ Serum Institute of India ကထုတ်တဲ့ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပေးထားတာ။"
ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲစမ်းသပ်ထားတဲ့ဆေးကို အိန္ဒိယနိုင်ငံမှာ Covishield ဆိုပြီး ထုတ်လုပ်ပါတယ်။ ဒီဆေးက နှစ်ကြိမ် အပြည့်အဝ ဆေးထိုးထားရင် ကိုဗစ်ကပ်ရောဂါကို ၇၀% ကာကွယ်နိုင်တယ်လို့ စမ်းသပ်တွေ့ရှိထားတာပါ။
အခုလို ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူတွေ ရောဂါပိုးကူးတာ နိုင်ငံတချို့မှာရှိခဲ့ဖူးပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒါက ဒုတိယအကြိမ်တွေ့တာပါ။ မန္တလေးက ကိုဗစ်ကာကွယ်ဆေး Covishield အပြည့်အဝထိုးထားပြီးတဲ့ အမျိုးသားတဦးမှာလည်း ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ အခုလအစောပိုင်းတုန်းက အတည်ပြုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာလည်း အချုပ်သားနှစ်ဦးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ သူတို့ကို တောင်ကုတ်ကနေ သံတွဲအကျဉ်းထောင်ကိုပို့ဖို့ ဓာတ်ခွဲစစ်ဆေးတာမှာ ပိုးကူးထားတာကို တွေ့ခဲ့တာလို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
"Contact တွေကိုတော့ စစ်ဖို့ စီစဉ်ထားတာပေါ့နော်။ Positive ထွက်တဲ့ နှစ်ယောက်ကတော့ ကျန်းမာရေးကောင်းပါတယ်။ အခု တောင်ကုတ်ဆေးရုံမှာထားပါတယ်။ ရဲစခန်းကနေမှ ထောင်ထဲထည့်ဖို့သွားတာပဲ ရှိသေးတာပေါ့။ အဲတော့ ထောင်မဝင်ခင်မှာ ဖြစ်တာဆိုတော့ ထောင်ထဲမှာတော့ Contact အဲလိုမရှိဘူးပေါ့။"
ရောဂါကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေ တိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ကတရက်ထဲ ကိုဗစ်အတည်ပြုလူနာ အယောက် ၇၀ ရှိခဲ့ပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ အရေအတွက်ဆိုပေမဲ့ ဒေသတွင်းရောဂါကူးစက်နေတဲ့ အခြေအနေဟာ ဒီထက်မက များနိုင်တယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ လုပ်အားပေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရောဂါကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ရှိနေသလို လူနာတွေလိုအပ်တဲ့ ဆေးဝါးနဲ့ အောက်ဆီဂျင်တွေကို တခြားမြို့တွေအထိ စေတနာရှင်တွေ ရှာဖွေပေးနေရတဲ့ အခြေအနေပါ။ အတည်ပြုလူနာတွေသာမကဘဲ ရောဂါသံသယရှိသူတွေပါ သေဆုံးနှုန်းတိုးလာနေတယ်လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။
"ကလေးမြို့ထဲ ရပ်ကွက်တွေသွားလိုက်တိုင်း အသုဘမရှိတဲ့အိမ်ဆိုတာ ရှားတယ်။ တချို့ကလည်း ဆုံးသွားပြီဆိုရင် ကိုဗစ် Positive လား၊ Negative လားဆိုတာ မစစ်တော့ဘူး။ မနေ့ကဆုံးတာဆိုရင် ကိုဗစ်လူနာက ၄ ဦးပေါ့။ ၁၁ ယောက်ကတော့ သံသယလူနာအဖြစ် ထုတ်ပြန်တာ။ ဆုံးသွားပြီဆိုတော့ မစစ်တော့ဘူးလို့ပြောတယ်။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့ကကျတော့ စင်တာကိုသွားလည်း ဘာမှမထူးတော့ဘူးပေါ့နော်။ ဖြစ်ရင်လည်း သီးခြားခွဲပြီးတော့မှ ဆေးသောက်တယ်။ အခုဆိုရင်လည်း အိမ်မှာနေပြီးတော့ပဲ ကိုယ့်ဟာနဲ့ကိုယ် ကုကြတာပေါ့။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင်တော့ ပြည်တွင်းမှာ အတည်ပြုလူနာသစ် ၇၈၇ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိခဲ့ပါတယ်။ အတည်ပြုလူနာတွေကို ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံးတွေ့ထားပါတယ်။
.............................................................................
Your browser doesn’t support HTML5
(Unicode)
"ဘယျလိုပုံစံမြိုးနဲ့ တှေ့တာလဲဆိုတော့ ရောဂါလက်ခဏာပွလို့ သူကဆေးရုံကိုလာပွီးစဈတော့ တှေ့တာပေါ့နောျ။ ဆေးကတော့ Covishield လို့ခေါျတဲ့ အိန်ဒိယနိုငျငံ Serum Institute of India ကထုတျတဲ့ ကာကှယျဆေးကို နှဈကွိမျထိုးပေးထားတာ။"