COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ သွားလာမှု ပိတ်ပင်

COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ သွားလာမှု ပိတ်ပင်

(Zawgyi/Unicode)

ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ အိန္ဒိယ နိုင်ငံတစ်ဝှမ်း အင်္ဂါနေ့ သန်းခေါင်းယံက စလို့ ၃ ပတ်ကြာ အသွားအလာတွေ ပိတ်ပင် လိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် တဆင့်ပြီး တဆင့် ကူးစက်နေတာကို ဖြတ်တောက်ပစ်နိုင်အောင် ပြည်သူအားလုံး အိမ်ပြင်မထွက်ကြဖို့ တားမြစ် ပိတ်ပင် လိုက်တာပါ။

ဒီလို ပိတ်ပင်လိုက်မှုအောက်မှာ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံ အကျုံးဝင်မှာ ဖြစ်လို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ စဖြစ်ချိန်က စပြီး ကမ္ဘာပေါ်မှာ လူအရေအတွက် အများဆုံးကို အသွားအလာ ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို အသွားအလာ ပိတ်လိုက်တာကို Curfew အမိန့်လို့ သဘောထားရမယ်လို့ ဝန်ကြီးချုပ် နရိမ်ဒရာ မိုဒီက ရုပ်သံ မိန့်ခွန်းကနေ ပြောကြားလိုက်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ရန်ကနေ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့က အပြင်မထွက်တဲ့ နည်းလမ်းတစ်ခုပဲ ရှိတယ်လို့လည်း ပြောပါတယ်။ ဘာပဲ ဖြစ်နေ ဖြစ်နေ အိမ်မှာ နေကြပါလို့လည်း သတိပေးပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် မိန့်ခွန်ပြောကြားတားဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကို တောမီးနဲ့ နှိုင်းယှဉ် ပြောသလို ၂၁ ရက်လေးကိုမှ ကျွန်တော်တို့ မထိန်းနိုင်ရင် ခင်ဗျားတို့ မိသားစုတွေ ၂၁ နှစ် နောက်ပြန်ဆုတ်ပြီး နေကြရလိမ့်မယ်လို့လည်း ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

အိမ်နီးချင်း နီပေါနိုင်ငံမှာ ၁ ပတ်ကြာ အသွားအလာ ပိတ်ပင်လိုက်ချိန်မှာ အိန္ဒိယ နိုင်ငံကလည်း အခုလို လိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှု အားနည်းလွန်းတာကြောင့် ကမ္ဘာ့ လူဦးရေရဲ့ ၄ ပုံ ၁ပုံ ရှိတဲ့ တောင်အာရှဒေသမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်က ကြီးမားလှပြီး ကူးစက်မှု တစ်ရှိန်ထိုး မြင့်တက်လာရင် အဲဒီနိုင်ငံတွေ အနေနဲ့ ဘယ်လို ထိန်းနိုင်မလဲအပေါ်မှာ စိုးရိမ် ပူပန်နေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကူးစက်မှုပေါင်း ၄၈၂ ခု တွေ့ရှိထားပြီး ၉ ယောက် သေဆုံးခဲ့ပြီ ဆိုပေမဲ့ တကယ် ကူးစက်နေသူတွေ ပိုပြီး များနိုင်တယ်လို့ ယုံကြည် နေကြပါတယ်။ နီပေါနိုင်ငံမှာ ၂ ဦးသာ ကူးစက်တာ ရှိသေးပေမဲ့ အိန္ဒိယကနေ ပြန်လာတဲ့ ရွှေ့ပြောင်း အလုပ်သမား အများအပြား ရှိတာကြောင့် ကူးစက်မှု နှုန်း မြင့်မားလာလိမ့်မယ်လို့ တွက်ဆနေကြပါတယ်။

Your browser doesn’t support HTML5

COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ သွားလာမှု ပိတ်ပင်


....................

COVID-19 ကွောင့ျ အိန်ဒိယမှာ ၃ ပတျကွာ သှားလာမှု ပိတျပငျ

(Unicode)






