(Zawgyi/Unicode)
ချမ်းသာတဲ့ နိုင်ငံကြီးတွေက COVID 19 ကာကွယ်ဆေးကို ဝယ်ယူဖို့ အဆင့်သင့် စောင့်ဆိုင်းနေချိန်မှာ ကိုယ့်နိုင်ငံဦးစားပေး ကာကွယ်ဆေး ရရှိရေးဝါဒ Vaccines nationalism ကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူချုပ် Antonio Guterres က ပြောပါတယ်။
“COVID 19 ကာကွယ်ဆေးကို နေရာတိုင်းက လူတိုင်း ရရှိနိုင်ပြီး အားလုံးနဲ့သက်ဆိုင်တဲ့ပစ္စည်း ဖြစ်ဖို့ ထပ်မံ တောင်းဆိုကြောင်း၊ အထူးသဖြင့် အာဖရိကအတွက် ကာကွယ် ဆေးရဖို့ လိုအပ်ကြောင်း၊ အာဖရိကနိုင်ငံ အများစုမှာ ကုန်စည်ဈေးနှုန်းနဲ့ ဝယ်လိုအား ကျဆင်းတာကြောင့် ကပ် ရောဂါ အကျပ်အတည်းကို တုန့်ပြန်ဖို့ ငွေကြေးအင်အား မရှိကြောင်း အတွင်းရေးမှူချုပ် Antonio Guterres ကအာဖရိကသမဂ္ဂခေါင်းဆောင် တွေနဲ့ ဗွီဒီယိုက ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
COVID 19 ကာကွယ်ဆေး တစ်ကမ္ဘာလုံး ရရှိရေး အစီအစဉ် COVAX ကို လာမယ့် ၂ လအတွင်း အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ အလှူငွေ ထည့်ဝင်ဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
အာဖရိကတိုက်ကို မပေးဘူးဆိုရင် ကပ်ရောဂါ တိုက်ဖျက်ဖို့ ဘယ်နေရာမှာမှ ထိရောက်မှာ မဟုတ်ဘူးလို့လည်း Guterres က ပြောပါတယ်။
ဗြိတိနိုင်ငံလိုပဲ နိုင်ငံ တော်တော်များများက သူတို့ရဲ့ ပြည်သူတွေကို ကာကွယ်ဆေး အမြောက်အများ စတင် ထိုးနှံဖို့ စီစဉ်နေချိန်မှာ ကုလ အတွင်းရေးမှူးချုပ်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် အစားအစာနဲ့ ဆေးဝါး စီမံကွပ်ကဲရေးဌာန (FDA) ကလည်း Pfizer/BioNTech ကာကွယ်ဆေးကို ကြာသပတေးနေ့မှာ အတည်ပြုဖို့ ရှိပါတယ်။
ကနေဒါနိုင်ငံ အမျိုးသား ကျန်းမာရေးဌာနကတော့ Pfizer/BioNTech ကာကွယ်ဆေး သုံးစွဲခွင့်ကို ဗုဒ္ဓဟူးနေ့က အတည်ပြုပေးလိုက်တာ ကြောင့် ကနေဒါ နိုင်ငံသားတွေ ရှေ့ သီတင်းပတ်ကစပြီး ကာကွယ်ဆေး စတင်ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။
COVID 19 ကူးစက်မှုအသစ် ဖြစ်ပွားမှုတွေ မြင့်တက်လာနေချိန်မှာ ကာကွယ်ဆေး သုံးစွဲခွင့် အမြန်ဆုံး အတည်ပြုဖို့ ပိုပြီး တွန်းအား ပေးလာ ခဲ့ကြတာပါ။
အမေရိကန်မှာ ကိုဗစ် ကူးစက်မှု ၁၅.၃ သန်းနဲ့ သေဆုံးသူ ၂၉၀,၀၀၀ နီးပါး ရှိလာချိန်မှာပဲ ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၃,၀၀၀ ကျော် ရှိတာကြောင့် တစ်ရက်တည်း သေဆုံးသူ အရေအတွက် စံချိန်တင် များပြားသွားခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း ကူးစက်ခံရသူ ၂၈၁၀ ရှိတာကြောင့် ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ တစ်ရက်တည်း ကူးစက်မှု စံချိန်တင် သွားခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုပေါင်း ၂၃၇၀၀၀ နီးပါး ရှိပြီး တစ်ရက်တည်း သေဆုံးမှု ၆၀၀ နီးပါး စံချိန်တင် မြင့်တက် သွားတယ်လို့ ဂျာမန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေး ဌာနက ပြောပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်မှု ၆၈.၉ သန်း ရှိပြီး သေဆုံးသူ ၁.၅ သန်း ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
...............
ကိုယ့ျနိုငျငံဦးစားပေး ကိုဗဈကာကှယျဆေး ရရှိရေးမူဝါဒ ကွီးထှားနေ (ကုလသမဂ်ဂ)
(Unicode)