ကမ္ဘာတလွှား COVID-19 ကူးစက်ခံ ၄ သန်းကျော် ရောက်ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူများ။ (မေ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ကျော်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၈၀,၀၀၀ ကျော် ရှိလာနေပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SEE ALSO: မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၈၀ အထိရှိ

ဒီအတောအတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာနိုင်ခြေ ရှိနေကြောင်း တောင်ကိုရီးယားအစိုးရက သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ လုံး၀ အပြီးရပ်သွားတာ မဟုတ်သေးဘူးလို့ တနင်္ဂနွေနေ့က နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ Moon Jae-in က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ တလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်ပြီး မြင့်တက်လာခဲ့ပြီးနောက် အခုလို သမ္မတ Moon Jae-in က သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဘားဆိုင်တွေ၊ နိုက်ကလပ်တွေ ပြန်ဖွင့်ခဲ့တာ အပါအဝင် ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တချို့ စတင်ဖြေလျော့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတချို့ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၁၄ ဦးကို တွေ့ရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး ဒါဟာ ၁၀ ရက်အတွင်း ပထမဆုံး ဆယ်ဂဏန်းအရေအတွက် ဖြစ်ပါတယ်။

SEE ALSO: မလေးရှားမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေ သီတင်း ၄ ပတ် သက်တမ်းတိုး

ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ဖြေလျော့ခဲ့တဲ့ ဂျာမနီနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိသူတချို့ကို တွေ့ရှိခဲ့ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတွေနဲ့ သားသတ်ရုံတွေမှာ ဖြစ်ပါတယ်။

စပိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတွေမှာတော့ စီးပွားရေးလုပ်ငန်း တစိတ်တပိုင်းကို ဖြည်းဖြည်းချင်း စတင်ဖွင့်လှစ်နေကြပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတလွှား COVID-19 ကူးစက်ခံ ၄ သန်းကျော် ရောက်ရှိ

-----------------------------------

(Unicode)

ကမ်ဘာတလှှား COVID-19 ကူးစကျခံ ၄ သနျးကြောျ ရောကျရှိ






SEE ALSO: စင်္ကာပူမှာ COVID-19 ကူးစက်သူတွေထဲ ပြည်ပအလုပ်သမား ၉၀% နီးပါးပါ



SEE ALSO: ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ မေလကုန်အထိ သက်တမ်းတိုး
