COVID-19 ကာကွယ်ဆေး အလားအလာကောင်းပေမယ့် ကပ်ရောဂါ သက်ဆိုးရှည်နိုင်

WHO အကြီးအကဲ Tedros Adhanom Ghebreyesus. (မေ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက်မြန်ရောဂါရဲ့ သက်ရောက်မှုဒဏ်တွေကို ဆယ်စုနှစ် အတော်ကြာ ခံစားနေရဦးမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့က ပြောပါတယ်။

“ဒီ ကပ်ရောဂါဟာ ရာစုတခုမှာ တခါသာ ကြုံတွေ့ရတဲ့ ကပ်ရောဂါမျိုး ဖြစ်ပါတယ်။ ဒီ ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုဒဏ်ကို ဆယ်စုနှစ်တွေချီပြီး ခံစားရဦးမှာ ဖြစ်ပါတယ်” လို့ WHO အကြီးအကဲက ပြောပါတယ်။

လူအများစုက ဒီရောဂါနဲ့ပတ်သက်လို့ အခုအချိန်အထိ သံသယရှိနေတုန်း ဖြစ်ကြောင်း၊ ရောဂါဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နေရာတွေမှာတောင် ဒီရောဂါရဲ့ ဆိုးရွားမှုကို သံသယရှိနေတုန်းပဲ ဖြစ်ကြောင်း၊ အဆိုးဆုံး အခြေအနေကို ကျော်သွားပြီလို့ နိုင်ငံအတော်များများက ယုံကြည်နေကြချိန်မှာပဲ ကူးစက်မှုအသစ်တွေနဲ့ ကြုံတွေ့နေကြတယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

SEE ALSO: ကိုဗစ်ကာကွယ်ဆေး ကန် မှာ မကြာခင်လပိုင်းအတွင်း ရနိုင်မည်- Dr. Anthony Fauci

ဒါ့အပြင် COVID-19 ကာကွယ်ဆေးကို စံချိန်တင်လောက်တဲ့နှုန်းနဲ့ ထုတ်လုပ်ဖို့ ကြိးစားနေတာဖြစ်ပေမယ့် ဒီဗိုင်းရပ်စ်နဲ့ ဘယ်လို အတူဆက်ပြီး နေထိုင်သွားကြမလဲ ဆိုတာကို လေ့လာဖို့ လိုတယ်လို့လည်း WHO အကြီးအကဲ Dr. Ghebreyesus က ပြောပါတယ်။

စနေနေ့မှာတော့ အမေရိကန် ဥပဒေပြုအမတ်တွေအကြား ရှားရှားပါးပါး သီတင်းပတ်ကုန် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကူအညီပေးရေး ဥပဒေသစ် အတည်ပြုနိုင်ရေး စေ့စပ်ဆွေးနွေးပွဲတွေ ဆက်လုပ်နေရာမှာ တိုးတက်မှုတွေ ရနေပါတယ်။ ဒီဥပဒေမှာ တပတ် ဒေါ်လာ ၆၀၀ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ဆက်ပေးဖို့ကိစ္စနဲ့ ကျောင်းတွေပြန်ဖွင့်ရင် ငွေကြေး ထောက်ပံ့ပေးရေးကိစ္စတွေ အဓိက ပါဝင်နေပါတယ်။

လုပ်ခဲ့သမျှ ဆွေးနွေးပွဲတွေထဲ အကြာဆုံးပဲလို့လည်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer က ပြောပါတယ်။ Schumer က အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့အတူ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin နဲ့ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တို့နဲ့ သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆွေးနွေးနေတဲ့ ဥပဒေသစ်ဟာ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ အကူအညီပေးရေး ပဉ္စမမြောက်ဥပဒေ ဖြစ်ပြီး နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးဥပဒေ ဖြစ်ဖို့များပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ဖြစ်ပွားမှု ၄.၅ သန်းရှိပြီး ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာတော့ ၁၇.၆ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

ရောဂါကြောင့် သေဆုံးရမှုမှာလည်း အမေရိကန်မှာ အများဆုံးဖြစ်ပြီး ၁၅၃,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဘရာဇီးလ်က ကူးစက်မှု ဒုတိယအများဆုံး ၂.၆ သန်းနဲ့ အိန္ဒိယက တတိယမြောက် အများဆုံး ၁.၇ သန်း ရှိပါတယ်။

Your browser doesn’t support HTML5

COVID-19 ကာကွယ်ဆေး အလားအလာကောင်းပေမယ့် ကပ်ရောဂါ သက်ဆိုးရှည်နိုင်

----------------------------------

(Unicode)


COVID-19 ကူးစကျမွနျရောဂါရဲ့ သကျရောကျမှုဒဏျတှကေို ဆယျစုနှဈ အတောျကွာ ခံစားနရေဦးမှာဖွဈတယျလို့ ကမ်ဘာ့ကနြျးမာရေးအဖှဲ့ (WHO) အကွီးအကဲ Tedros Adhanom Ghebreyesus က သောကွာနေ့က ပွောပါတယျ။

“ဒီ ကပျရောဂါဟာ ရာစုတခုမှာ တခါသာ ကွုံတှေ့ရတဲ့ ကပျရောဂါမြိုး ဖွဈပါတယျ။ ဒီ ကပျရောဂါရဲ့ အကြိုးသကျရောကျမှုဒဏျကို ဆယျစုနှဈတှခြေီပွီး ခံစားရဦးမှာ ဖွဈပါတယျ” လို့ WHO အကွီးအကဲက ပွောပါတယျ။



SEE ALSO: ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၇ သန်းကျော်ပြီ




