သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရိုက်ခတ်မှု နှစ်ပေါင်းများစွာ ခံရဦးမယ်လို့ WHO သတိပေး


WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus.
WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus.

(Zawgyi / Unicode)

COVID-19 ရောဂါရဲ့ ရိုက်ခတ်မှုတွေကို လာမယ့် ဆယ်စုနှစ်ပေါင်းများစွာ ခံစားသွားကြရလိမ့်ဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။

"ဒီကပ်ရောဂါဟာ ရာစုနှစ်တခုမှာမှ တကြိမ်ကျရောက်တဲ့ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပါတယ်။ ဒီရောဂါရဲ့ သက်ရောက်မှုတွေကို လာမယ့် ဆယ်စုနှစ်တွေအထိ ခံစားသွားကြရပါလိမ့်ဦးမယ်။ ကမ္ဘာပေါ်က လူထုအများစုဟာ ဒီဗိုင်းရပ်စ်ပိုး အလွယ်တကူ ကူးစက်နိုင်တဲ့ အခြေအနေမှာ ဆက်ရှိနေဆဲပါ။ အပြင်းထန်ဆုံး ပျံ့နှံ့ကူးစက်မှုနဲ့ ကြုံခဲ့ရတဲ့ ဒေသတွေက လူတွေတောင်မှပဲ အလွယ်တကူ ကူးစက်နိုင်နေဆဲပါပဲ။ အဆိုးဆုံးအခြေအနေကို လွန်သွားပြီလို့ ယူဆခဲ့ကြတဲ့ နိုင်ငံအများအပြားမှာ ရောဂါပိုး နောက်တကျော့ ကူးစက်တာနဲ့ ရင်ဆိုင်နေရပါတယ်။ စံချိန်တင်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေကြပေမယ့်လည်း ဒီဗိုင်းရပ်စ်ပိုးနဲ့ ဘယ်လိုနေထိုင်သွားကြမယ် ဆိုတာကို သင်ယူကြရမှာဖြစ်သလို ကျနော်တို့မှာရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ နှိမ်နင်းသွားကြရမှာ ဖြစ်ပါတယ်" လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သောကြာနေ့ WHO အရေးပေါ်ကော်မတီ အစည်းအဝေးအတွင်း ပြောသွားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး လာမယ့်လတွေအတွင်း ရလာတော့မယ်လို့ သူ သတိထားပြီး အကောင်းမြင် မျှော်လင့်တဲ့အကြောင်း သောကြာနေ့ လွှတ်တော်ကြားနာပွဲတခုအတွင်း ပြောသွားပါတယ်။

“အန္တရာယ်ကင်းပြီး ထိရောက်တယ်လို့ ပြောနိုင်တဲ့ ကာကွယ်ဆေးတမျိုးကို လာမယ့် ဆောင်းဦးနှောင်းပိုင်း ကာလနဲ့ ဆောင်းရာသီ အစောပိုင်းကာလမှာ ရလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ဒေါက်တာ Fauci က ပြောပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် ၁၇.၆ သန်းကျော်သွားပြီဖြစ်ပြီး အမေရိကန်မှာ အများဆုံးဖြစ်ပြီးတော့ ဘရာဇီးလ်က ဒုတိယအများဆုံး၊ အိန္ဒိယက တတိယအများဆုံး ကူးစက်သူ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)


COVID-19 ရောဂါရဲ့ ရိုကျခတျမှုတှကေို လာမယ့ျ ဆယျစုနှဈပေါငျးမြားစှာ ခံစားသှားကွရလိမ့ျဦးမယျလို့ ကမ်ဘာ့ကနြျးမာရေးအဖှဲ့ (WHO) အကွီးအကဲက သောကွာနေ့မှာ ပွောပါတယျ။





XS
SM
MD
LG