အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် EU အရေးပေါ်အစည်းအဝေးခေါ်ယူ

The AP Interview - EU President

အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဥရောပသမဂ္ဂအပေါ် သက်ရောက်လာမယ့် အကျိုးဆက်တွေကို ဆွေးနွေးဖို့အတွက် အဖွဲ့ဝင်နိုင်ငံ အကြီးအကဲတွေရဲ့ အရေးပေါ် ဗွီဒီယို အစည်းအဝေးတရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့ ခေါ်ထားကြောင်း ဥရောပကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

ဒီ အစည်းအဝေးမှာ အချက်သုံးချက်ကို အဓိကထားဆွေး‌နွေးကြမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ ချားလ်စ် မစ်ရှဲ (Charles Michel) က ဆိုပါတယ်။

ပထမ-ထိခိုက်နိုင်ခြေများတဲ့ အရပ်သားတွေကို လူသားချင်း စာနာထောက်ထားရေး ဥပဒေနဲ့အညီ အကူအညီပေးရေး၊ ဒုတိယ-ဒေသတွင်းပဋိပက္ခ ပိုမဆိုးရေးနဲ့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့လုပ်ကိုင်ရေးအပါအဝင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးပါတဲ့ နိုင်ငံနှစ်နိုင်ငံငြိမ်းချမ်းရေး အဖြေရသည်အထိဆောင်ရွက်ရေး၊ တတိယ ဥရောပသမဂ္ဂအတွင်း အသိုက်အဝန်းများကြား တင်းမာလာနိုင်မှု၊ အစွန်းရောက်ဝါဒ ခေါင်းထောင်လာနိုင်မှု၊ လူများ အိုးအိမ် စွန့်ခွါထွက်ပြေး ဥရောပသမဂ္ဂအတွင်းက ပဋိပက္ခနဲ့နီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆီကို ရွှေ့ပြောင်းလာကြမယ့် ပြဿနာတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အကျိုးဆက်တွေကို ဆွေးနွေးဖို့ ရှိပါတယ်လို့ ရုပ်မြင်သံကြားကနေ ပြောတဲ့ ထုတ်ပြန်ချက်မှာ ဥက္ကဋ္ဌမစ်ရှဲက တနင်္လာနေ့က ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် EU အရေးပေါ်အစည်းအဝေးခေါ်ယူ