ကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက် ဖျက်သိမ်းဖို့ ရုရှားသမ္မတဟောင်း ခြိမ်းခြောက် (ကျိုဒိုသတင်းဌာန)

ရုရှားသမ္မတဟောင်း Dimitry Medvedev

G7 နိုင်ငံတွေအနေနဲ့ ရုရှားဆီပို့ကုန်တင်ပို့မှုကို ပိတ်ပင်မယ်ဆိုရင် ရုရှားအစိုးရကလည်း ပင်လယ်နက်ကတဆင့် ကောက်ပဲသီးနှံတင်ပို့မှုကို ဖြတ်တောက်ရလိမ့်မယ်လို့ ရုရှားသမ္မတဟောင်း Dimitry Medvedev က ပြောကြားလိုက်ပါတယ်။

G7 စက်မှုထိပ်သီး ၇ နိုင်ငံက ရုရှားဆီပို့ကုန်တင်ပို့မှုကို လုံးဝနီးပါး ပိတ်ပင်ဖို့ စဥ်းစားနေကြောင်း ဂျပန်အစိုးရ အရင်းအမြစ်တွေကို ကိုးကားပြီး ဂျပန် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ရုရှားကလည်း မေလ (၁၈) ရက်မှာ သက်တမ်းကုန်ဆုံးမယ့် ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းဖို့ ထပ်ကာတလဲ ခြိမ်းခြောက်နေတာပါ။

အခုလောလောဆယ်မှာတော့ အမည်မည်းစာရင်းမှာ ထည့်သွင်းထားခြင်းမရှိတဲ့ကုန်စည်တွေကို ရုရှားဆီတင်ပို့ခွင့်ပြုထားပါတယ်။

ရုရှားဟာ ယူကရိန်းပဋိပက္ခ ၁၄ လအတွင်း တခုတည်းသောထူးခြားတဲ့ သံတမန်ရေး ပြေလည်မှုဖြစ်တဲ့ ပင်လယ်နက်ကတဆင့် ကောက်ပဲသီးနှံတင်ပို့ရေး သဘောတူညီချက်ကို ထပ်ကာတလဲလဲ ဆန့်ကျင်ပြောနေတာလည်း ဖြစ်ပါတယ်။

G7 နိုင်ငံတွေကတော့ ဒီသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော် သက်တမ်းတိုးဖို့ ဆော်ဩထားကြောင်း G7 စိုက်ပျိုးရေးဝန်ကြီးရဲ့ ကြေညာချက်တရပ်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက် ဖျက်သိမ်းဖို့ ရုရှားသမ္မတဟောင်း ခြိမ်းခြောက် (ကျိုဒိုသတင်းဌာန)