ဟာရီကိန်းမုန်တိုင်းကြောင့် ပွာတိုရီကိုမှာ အကြီးအကျယ် ထိခိုက်ပျက်စီး 

Dlo anvayi yon kay apre pasaj Ouragan Fiona nan Cayey, Potoriko, Dimanch 18 Sept. 2022.

Hurricane မုန်တိုင်း Fiona ဟာ အမေရိကန်ပိုင် Puerto Rico ကျွန်းကို အားပြင်းစွာနဲ့ တိုက်ခတ်ခဲ့ပြီးနောက် တနင်္လာနေ့က Dominican Republic နိုင်ငံကို ဆက်လက် ဝင်ရောက်သွားပါတယ်။ Puerto Rico အုပ်ချုပ်ရေးမှူးက မုန်တိုင်းကြောင့် တကျွန်းလုံး အကြီးအကျယ် ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းကြောင့် ပွာတိုရီကိုမှာ အကြီးအကျယ် ထိခိုက်ပျက်စီး

{{Zawgyi/Unicode}}

Puerto Rico ကျွန်းမှာ သေကြေ ဒဏ်ရာရရှိတဲ့ သတင်းတွေတော့ မရရှိသေးပေမယ့် လူအများအပြားဟာ ရေပိုက်တွေက ရေမရရှိတော့ပါဘူး။ လေတိုက်နှုန်းပြင်းထန်တာ နဲ့ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို ခန့်မှန်း အကဲဖြတ်နိုင်ခြင်းမရှိသေးပါဘူး။

ကျွန်းရဲ့ တောင်ဖက် အလယ်ပိုင်းဒေသမှာ ရုတ်တရက် ရေကြီးတာတွေ ဖြစ်လာနေတဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ ကုန်းမြင့်တဲ့နေရာတွေကို ချက်ချင်း ပြောင်းရွှေ့ကြဖို့ Puerto Rico ကျွန်းရှိ အမေရိကန် မိုလေဝသဌာန က တိုက်တွန်းထားပါတယ်။

တချို့နေရာတွေမှာ မိုရေချိန် ၂၂ လက္မ အထိရွာသွန်းပြီး မုန်တိုင်းဟာ အဝေးကို ရောက်သွားတဲ့တိုင်အောင် မိုးရေချိန်က ၁၄ လက္မကျော်အထိ ရွာသွန်းနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ဟာရီကိန်းမုန်တိုင်းကြောင့် ပွာတိုရီကိုမှာ အကြီးအကျယ် ထိခိုက်ပျက်စီး

....................................................


{{Zawgyi/Unicode}}


