အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၃ ခုလုပ်နေ

အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်မှု ၃ ခုကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် Narendra Modi က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားနေစဉ်။

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်မှု ၃ ခုကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် Narendra Modi က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

သိပ္ပံပညာရှင်တွေက ဆေးကို အတည်ပြုတာနဲ့ အမြောက်အမြား ထုတ်လုပ်ဖို့ အသင့်ပဲလို့ သမိုင်းဝင် Red Fort အနီရောင်ခံတပ်ကြီးနေရာမှာ ကျင်းပတဲ့ ၇၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် Modi က ပြောကြားသွားခဲ့ပါတယ်။

SEE ALSO: အိန္ဒိယနိုင်ငံ ကိုဗစ်ကြောင့် ကမ္ဘာမှာသေဆုံးမှု စတုတ္ထအများဆုံးဖြစ်လာ

လူဦးရေ ၁ ဘီလျံကျော်တဲ့ နိုင်ငံထဲက လူတိုင်းအတွက် National Digital Health ကျန်းမာရေးဌာနက ကျန်းမာရေးဆိုင်ရာ ID အထောက်အထားတွေကို လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ လူတိုင်းရဲ့ ကျန်းမာရေး စစ်ဆေးမှု၊ ဆေးမှတ်တမ်း၊ ရောဂါသတ်မှတ်ချက် စတာတွေကို မှတ်တမ်းတင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၆ သောင်းခွဲကျော်ရှိပြီး နိုင်ငံတဝန်း စုစုပေါင်း ကူးစက်သူ ၂ သန်းခွဲကျော်သွားပြီလို့ ကျန်းမာရေးဌာနက ဒီကနေ့ အတည်ပြုပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၃ ခုလုပ်နေ

---------------------------

(Unicode)

အိန်ဒိယမှာ ကိုဗဈကာကှယျဆေး စမျးသပျမှု ၃ ခုလုပျနေ




SEE ALSO: ကိုဗစ်ကြောင့် အိန္ဒိယနိုင်ငံ တရက်အတွင်း သေဆုံးသူ ၁,၀၀၀ ကျော်
