အိန္ဒိယဝန်ကြီးချုပ် နှစ်ရက်ကြာ ရုရှားခရီးစတင်

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ရုရှားသမ္မတ Vlladimir Putin တို့ ဥဇဘက်ကစ္စတန်၊ Samarkand မြို့က SCO ညီလာခံမှာ တွေ့ဆုံကြစဥ်။ (စက်တင်ဘာ ၁၆၊ ၂၀၂၂)

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အခု တနင်္လာနေ့မှာတော့ ရုရှားနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ ရုရှားက အိန္ဒိယပြိုင်ဘက် တရုတ်နဲ့ ဆက်ဆံရေးထဲထဲဝင်ဝင်ရှိနေချိန်မှာပဲ အိန္ဒိယနဲ့ဆက်ဆက်ဆံရေးကိုလည်း ထိန်းထားပါတယ်။

အခု အင်္ဂါနေ့မှာတော့ အိန္ဒိယသမ္မတနဲ့ ရုရှားသမ္မတပူတင်တို့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ နီးနီးကပ်ကပ် မိတ်ဘက်ဆက်ဆံရေးထူထောင်လာချိန်မှာပဲ ရုရှားနဲ့အိန္ဒိယ ရေရှည်မဟာမိတ်အဖြစ် ဆက်ရှိနေဖို့ တန်ပြန်လုပ်ဆောင်မှုဖြစ်မယ်လို့ အိန္ဒိယ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

“အိန္ဒိယ ရုရှားဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာကိုပြဖို့နဲ့ တရုတ်နဲ့ရုရှားဆက်ဆံရေးက အိန္ဒိယနဲ့ဆက်ဆံရေးကို ထိခိုက်စေမှာမဟုတ်ဘူးဆိုတာ အိန္ဒိယဘက်ကပြဖို့ ရည်မှန်းတယ်လို့ အင်ဒို-ပစိဖိတ်ဒေသ လေ့လာရေး Kalinga အင်စတီကျူးထူထောင်သူ Chintamani Mahapatra က ဗွီအိုအေကို ပြောပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ပြီးနောက် အိန္ဒိယ-ရုရှား ပထမဆုံး ထိပ်သီးအစည်းအဝေးလည်း ဖြစ်ပါတယ်။ ယူကရိန်းကိစ္စမှာ အိန္ဒိယနိုင်ငံဟာ ကြားနေ ရပ်တည်ပါတယ်။ စစ်ပွဲကို ကန့်ကွက်ရှုတ်ချတာမျိုးမလုပ်သလို ရုရှားကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်း မပါဝင်ပါဘူး။