(Zawgyi/Unicode)
မလေးရှားနိုင်ငံက လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်ပြဖို့ မလေးရှားဘုရင်က သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် နီးလာတာနဲ့အမျှ ဝန်ကြီးချုပ်အဖြစ် အရွေးခံရရေး ပြိုင်ဆိုင်တာတွေ ဒီကနေ့မှာ အကျိတ်အနယ်ဖြစ်လာနေပါတယ်။
မလေးရှားနိုင်ငံတဝန်းမှာ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုကလည်း လုံလောက်မှုမရှိတာကြောင့် အထွေထွေရွေးကောက်ပွဲသစ် ကျင်းပဖို့ကိစ္စကို ဘုရင် Sultan Abdullah Sultan Ahmad Shah က ပယ်ချထားပါတယ်။
တနင်္လာနေ့က နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Muhyiddin Yassin နေရာမှာ ဆက်ခံမယ့်သူကို ရွေးချယ်နိုင်တဲ့ထိ သူ့ကို အိမ်စောင့်အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် ဘုရင်က ခန့်အပ်ထားပါတယ်။
ဝန်ကြီးချုပ် Muhyiddin ဟာ သူ့ရဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ မညီမညွတ်ဖြစ်လာတာ၊ ကိုဗစ်ကပ်ရောဂါအရေး သူ့အစိုးရအဖွဲ့ရဲ့ကိုင်တွယ်ပုံ ညံ့ဖျင်းတယ်လို့ မြင်ကြပြီး လူထုရဲ့မကျေနပ်မှုတွေ တိုးလာခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်ဖြစ်ပြီး တနှစ်ခွဲတောင်မပြည့်ခင်မှာပဲ နုတ်ထွက်သွားတာပါ။
မလေးရှားနိုင်ငံမှာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာ ခုနစ်လကြာပြီဖြစ်သလို ဇွန်လကတည်းက lockdown ချပြီး လုံးဝ ပိတ်ပင်ကန့်သတ်ထားတဲ့ကြားမှာပဲ ကမ္ဘာမှာ ကူးစက် သေဆုံးမှု အမြင့်ဆုံး နိုင်ငံတခုဖြစ်နေပါတယ်။
Your browser doesn’t support HTML5
Malayaia Politics
.............................................................................................
(Unicode)