(Zawgyi / Unicode)
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို အားပေးထောက်ခံနေတယ်ဆိုတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။
အီရန်နျူကလီးယား အစီအစဉ်အတွက် အရေးကြီးတဲ့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေကို လွှဲပြောင်းပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုမ္ပဏီတချို့ကို အမေရိကန်အစိုးရရဲ့ အကူအညီတွေပေးတာ ကန့်သတ်လိုက်သလို သူတို့ရဲ့ သွင်းကုန်တွေကိုလည်း ၂ နှစ်ပိတ်ပင်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဗုဒ္ဓဟူးနေ့က စတင်ဒဏ်ခတ်လိုက်တဲ့ ကုမ္ပဏီတွေကတော့ တရုတ်နိုင်ငံက Chengdu Best New Materials နဲ့ Zibo Elim Trade အပြင် ရုရှားအခြေစိုက် Nilco Group နဲ့ Joint Stock Company Elecon တို့ ပါဝင်ပါတယ်။
SEE ALSO: အီရန် နျူကလီးယား သိပ္ပံပညာရှင်တဦး အသတ်ခံရအီရန်နျူကလီးယားဒုံးကျည် အစီအစဉ်တွေ နှောင့်နှေးသွားစေဖို့အတွက် တရုတ်နဲ့ ရုရှားလို ဒုံးကျည်နည်းပညာတွေနဲ့ ပစ္စည်းကိရိယာတွေ ပြည်ပကနေ တင်ပို့နေကြတဲ့သူတွေကို အမေရိကန်က ဆက်ပြီး ဒဏ်ခတ်အရေးယူသွားမယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။
သမ္မတ Obama အစိုးရလက်ထက်မှာ ရရှိခဲ့တဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ သမ္မတ Donald Trump အစိုးရက ပြီးခဲ့တဲ့ ၃ နှစ်မှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အီရန်အပေါ် အပြင်းထန်ဆုံး ဖိအားပေးတဲ့အနေနဲ့ဆိုပြီး သမ္မတ Trump က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာတာ ဖြစ်ပါတယ်။
အီရန်ဆိုင်ရာ အမေရိကန်ရဲ့ ခိုင်မာတဲ့ မူဝါဒတွေ ပြသတဲ့အနေနဲ့ သူ့မူဝါဒအတိုင်း မလိုက်နာတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနေတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
-----------------------
(Unicode)