မြန်မာ့ကျောက်မျက်ပြပွဲနဲ့ အနာဂတ် ဈေးကွက်အလားအလာ - အပိုင်း (၁)

၅၅ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲကို ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ တက်ရောက်စဉ်။

မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ကုန်ကြမ်းအဖြစ် ရောင်းချနေတဲ့အဆင့်က ကျော်လွန်ပြီး ကုန်ချောအဖြစ် ထုတ်လုပ် ရောင်းချရေးမှာ ဝယ်လိုသူတွေ ကြိုက်နှစ်သက်တဲ့ လက်ရာတွေ တီထွင် ရောင်းချနိုင်မှု အားနည်းသေးတယ်လို့ မြန်မာ့ ကျောက်မျက်အသင်း ဒုဥက္ကဋ္ဌတဦးဖြစ်သူ ဦးဇော်ဘိုခန့်က ပြောပါတယ်။ နေပြည်တော်မှာ ဇွန်လ ၂၀ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို အရင်နှစ်တွေကထက် လာရောက်သူ ကုန်သည် အရေအတွက်များခဲ့ပေမယ့် အများစုဟာ တရုတ်နဲ့ ထိုင်းတို့ကဖြစ်ပြီး အနောက်နိုင်ငံတွေကလာသူ အရေအတွက် နည်းနေသေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ကျောက်မျက်ပြပွဲနဲ့ အနာဂတ် ဈေးကွက်အလားအလာ - အပိုင်း (၁)