(Zawgyi/Unicode)
ဂ်ိဳးဘိုင္ဒန္က သူ႔အေနနဲ႔ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ၿပီးဆိုတာနဲ႔ အရင္ဆုံးလုပ္မွာက အေမရိကန္ျပည္သူေတြအေနနဲ႔ ရက္ေပါင္း ၁၀၀ ၾကာေအာင္ ႏွာေခါင္းစည္း မျဖစ္မေန ဝတ္ဆင္ၾကဖို႔ကို ေတာင္းဆိုမွာျဖစ္တယ္လို႔ ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို တားဆီးေရး ႏွာေခါင္းစည္းတပ္ဆင္ဖို႔ ႏိုင္ငံအေနနဲ႔ မျဖစ္မေန ျပဌာန္းဖို႔ သူက အရင္ကတည္းက တြန္းအားေပးေနတာျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈဟာ ႏွာေခါင္းစည္တပ္ဆင္မႈကို သံသယရွိခဲ့ၿပီး ႏိုင္ငံေရးျပသနာတခုအျဖစ္ျပဳလုပ္ခဲ့တဲ့ သမၼတ Donald Trump ကိုင္တြယ္ပုံကေန သိသာတဲ့ ေျပာင္းလဲမႈအျဖစ္ ရွိလာမွာပါ။
အခုလို ႏွာေခါင္းစည္းတပ္ဆင္တဲ့ အေလ့အက်င့္ဟာ ကပ္ေရာဂါကို ကာကြယ္ေရး အလြယ္ကူဆံုးနည္းလမ္းေတြထဲက တခုျဖစ္တယ္လို႔ လူထု က်န္းမာေရးပညာရွင္ေတြကလည္း ေျပာဆိုထားတာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေၾကာင့္ လူေပါင္း ၂၇၅,၀၀၀ ေသဆံုးခဲ့ၿပီးျဖစ္ပါတယ္။
Your browser doesn’t support HTML5
Joe Biden ရာထူးလက္ခံၿပီး ျပည္သူေတြ ရက္ ၁၀၀ ႏွာေခ ါင္းစည္းတပ္ဖိို႔ ေျပာၾကားမည္
..............
Joe Biden ရာထူးလက်ခံပြီး ပြည်သူတွေ ရက် ၁၀၀ နှာခေ ါင်းစည်းတပ်ဖို့ ပြောကြားမည်
(Unicode)
ဂျိုးဘိုင်ဒန်က သူ့အနေနဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးဆိုတာနဲ့ အရင်ဆုံးလုပ်မှာက အမေရိကန်ပြည်သူတွေအနေနဲ့ ရက်ပေါင်း ၁၀၀ ကြာအောင် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ကို တောင်းဆိုမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရေး နှာခေါင်းစည်းတပ်ဆင်ဖို့ နိုင်ငံအနေနဲ့ မဖြစ်မနေ ပြဌာန်းဖို့ သူက အရင်ကတည်းက တွန်းအားပေးနေတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ နှာခေါင်းစည်တပ်ဆင်မှုကို သံသယရှိခဲ့ပြီး နိုင်ငံရေးပြသနာတခုအဖြစ်ပြုလုပ်ခဲ့တဲ့ သမ္မတ Donald Trump ကိုင်တွယ်ပုံကနေ သိသာတဲ့ ပြောင်းလဲမှုအဖြစ် ရှိလာမှာပါ။
အခုလို နှာခေါင်းစည်းတပ်ဆင်တဲ့ အလေ့အကျင့်ဟာ ကပ်ရောဂါကို ကာကွယ်ရေး အလွယ်ကူဆုံးနည်းလမ်းတွေထဲက တခုဖြစ်တယ်လို့ လူထု ကျန်းမာရေးပညာရှင်တွေကလည်း ပြောဆိုထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကြောင့် လူပေါင်း ၂၇၅,၀၀၀ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။