လီဗာပူးလ် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရတဲ့ စနေ ပရီးမီးယားလိဂ် ရလဒ်များ

လီဗာပူးလ်အတွက် ၄ ဂိုးမြောက်ဂိုးကို သွင်းယူနေသည့် ဆာလား။ (ဖေဖော်ဝါရီ ၁၊ ၂၀၂၀)

(Zawgyi/Unicode)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကို စနေနေ့က ကစားကြတာမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ခုချိန်ထိ အခိုင်အမာ ဆက်ရှိနေတဲ့ လီဗာပူးလ်အသင်းက ဆောက်သမ်ပ်တန်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

အမှတ်ပေးဇယား အဆင့် ၃ နဲ့ ၄ မှာရှိတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့ပွဲကတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဝို့လ်ဗ်စ်ကို အနိုင်မကစားနိုင်ဘဲ ဂိုးမရှိ သရေကျတာကြောင့်ရော၊ ရှက်ဖီးက ပဲလေ့စ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတာကြောင့်ပါ ယူနိုက်တက် အဆင့် ၆ ရောက်သွားပြီး ရှက်ဖီးက အဆင့် ၅ ကို တက်သွားပါတယ်။

ချယ်လ်ဆီးအတွင် Rudiger သွင်းယူသည့်ဂိုးကို မကာကွယ်လိုက်နိုင်သည့် လက်စတာဂိုးသမား Schmeichel ။ (ဖေဖော်ဝါရီ ၁၊ ၂၀၂၀)

တခြားပွဲတွေမှာတော့ ဘုန်းန်မောက်သ်က ဗီလာကို ၂ ဂိုး ၁ ဂိုး၊ အဲဗာတန်က ဝတ်တ်ဖို့ဒ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အသီးသီးအနိုင်ရပြီး နယူးကက်ဆယ်လ်နဲ့ နော်ဝစ်ချ်က ဂိုး မရှိသရေ၊ ဝက်စ်ဟမ်းမ်နဲ့ ဘရိုက်တန်တို့က တဘက် ၃ ဂိုးစီနဲ့ သရေရလဒ်တွေ ထွက်ခဲ့ပါ တယ်။

တနင်္ဂနွေနေ့မှာ ဘန်လေနဲ့ အာဆင်နယ်လ်၊ စပါးနဲ့ မန်စီးတီးတို့ ကစားဖို့ရှိပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ ၅၁ မှတ်နဲ့ အဆင့် ၂ မှာရှိနေပေမယ့် အဆင့် ၁ က လီဗာပူးလ်ထက် တပွဲလျော့ပြီး ရမှတ် ၂၂ မှတ် ထိ ကွာနေပါတယ်။

နောက်ထပ် ၁၃ ပွဲ ကစားဖို့ကျန်သေးတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်ထိတော့ ချန်ပီယံဖလားရဖို့ အလားအလာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

--------------------------------------

(Unicode)









Your browser doesn’t support HTML5

လီဗာပူးလ် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရတဲ့ စနေ ပရီးမီးယားလိဂ် ရလဒ်များ