အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်မှာ တိုက်ပွဲဝင်နေတာကို အရှိန်မလျှော့ပဲ တာလီဘန်သောင်းကျန်းမှု ခြေမှုန်းရေး ရှေ့မတိုး ဖြစ်နေတာကို မဟာဗျူဟာသစ်နဲ့ ထိုးဖေါက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Jim Mattis ကပြောကြားလိုက်ပါတယ်။
လူတွေသတ်ပြီး အာဏာယူဖို့ ကြိုးပမ်းနေသူ ရက်စက်တဲ့ရန်သူတွေ လက်ထဲ အာဖဂန် နစ္စတန်နိုင်ငံကို ကျရောက်စေလိမ့်မယ် မဟုတ်ဘူးလို့ ကာဗူးမြို့တော်ကို သွားရောက်စဉ် ဝန်ကြီး Mattis က ပြောကြားလိုက်တာပါ။
သူဆိုက်ရောက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ကာဗူးလေဆိပ်ကို ဒုံးကျည်ထိမှန်ပြီး လူတဦးသေဆုံးသွားပါတယ်။ နောက်ထပ်လူ အများအပြားလည်း ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ ဒါဟာ သူတို့လက်ချက်ဖြစ်ပြီး Mattis ရဲ့လေယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။ IS တို့ကလည်း သူတို့ လက်ချက်လို့ ဆိုပါတယ်။
ဒုံးကျည်ထိမှန်ချိန် ဝန်ကြီး Mattis ကတော့ လေဆိပ်အနီးမှာ မရှိပါဘူး။ ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ အိန္ဒိယအပါအဝင် ဒေသတွင်း နိုင်ငံတွေအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ မျှော်မှန်းထားတဲ့ အာဖဂန်နစ္စတန် အစီအစဉ်ကို ပြီးခဲ့တဲ့လက ကြေညာ ခဲ့တာပါ။ Jim Mattis ဟာ ဒီခရီးစဉ်အတွင်း နယူးဒေလီမြို့ကို ဦးစွာသွားရောက်ပြီး ကာဗူးမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5