၂၀၂၁ ကန်လွှတ်တော်စီးနင်းမှု ဒေါ်နယ်ထရမ့် သမိုင်းတရားခံ ဖြစ်မယ် (မိုက်ပန့်စ်-ဒုသမ္မတဟောင်း)

အမေရိကန်ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်

{{Zawgyi/Unicode}}

သမ္မတဟောင်းထရမ့်ဟာ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်က လွှတ်တော်ကို စီးနင်းတိုက်ခိုက်ခဲ့တာကို အားပေးအားမြှောက်ပြုခဲ့တဲ့အတွက် ပုဂ္ဂိုလ်ရေးအရတာဝန်ရှိတယ်လို့ ဒုတိယသမ္မတဟောင်း Mike Pence က ပြောလိုက်ပါတယ်။

အဲဒီအချိန်တုန်းက ရွေးကောက်ခံရသူ သမ္မတဘိုင်ဒန်ကို လွှတ်တော် မှာ အတည်ပြုတာပျက်ပြားအောင် ထရမ့်ထောက်ခံသူတွေက လွှတ်တော်ကို အကြမ်းဖက်စီးနင်းခဲ့ကြတာဖြစ်ပါတယ်။

“သမ္မတထရမ့်မှားခဲ့ပါတယ်။ ရွေးကောက်ပွဲကိုပယ်ဖျက်ဖို့ ကျနော့်မှာ အခွင့်အရေးမရှိပါဘူး။” လို့ နှစ်စဉ်လုပ်တဲ့သတင်းထောက်တွေနဲ့ Gridiron ညစာစားပွဲမှာ စနေနေ့က ပင်န့်စ်က ပြောခဲ့တာဖြစ်ပါတယ်။ အကျိုးအကြောင်းမဲ့ သူ့ရဲ့စကားတွေကြောင့် အဲဒီနေ့ လွှတ်တော်မှာရှိကြတဲ့လူတိုင်းနဲ့ ကျနော့်မိသားစုတို့ အန္တရာယ်ကြုံခဲ့ရပါတယ်။ သမိုင်းက Donald Trump ကို အရေးယူမယ်ဆိုတာ ကျနော်သိပါတယ်။” လို့ ဒုတိယသမ္မတဟောင်း မိုက်ပန့်စ် သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဇန်နဝါရီ ၆ ရက် အုံကြွမှုနဲ့ ရွေးကောက်ပွဲရလာဒ်ကို ပြောင်းပြန်လှန်ဖို့ ထရမ့်ရဲ့အားထုတ်မှုတွေနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူးက ဒုတိယသမ္မတထရမ့်ကို ဆင့်ခေါ်ခဲ့တုန်းကတော့ ဒီလို ဆင့်ခေါ်စာကို တားမြစ်ပေးဖို့ ပင့်န်စ့်က တရားရုံးကို ပြီးခဲ့တဲ့အပတ်က လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ စနေညစာစားပွဲမှာတော့ ကွန်ဆာဗေးတစ်အမတ်တွေနဲ့ Fox သတင်းဌာန ဝေဖန်သုံးသပ်သူတွေက ဇန်နဝါရီလ ၆ ရက် ဖြစ်ရပ်ကို အရေးမကြီးသလို ပြောဆိုနေတာတွေကိုတော့ သူက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

“မမှားပါစေနဲ့။ အဲဒီနေ့မှာ ဖြစ်ခဲ့တာတွေက ကျက်သရေယုတ်ပါတယ်။ သိက္ခာရှိရှိ လုပ်ဆောင်နေကြတာကို ပြောင်လှောင်ခဲ့တာ ဖြစ်ပါတယ်။” လို့ မိုက်ပန့်စ် ပြောခဲ့ပါတယ်။ ထရမ့်က ၂၀၂၄ ခုနှစ် သမ္မတလောင်း ရွေးပွဲ မှာ ဝင်မယ်လို့ ကြေညာခဲ့ပြီး မိုက်ပန့်စ်က ဝင်ဖို့ ချင့်ချိန်နေတယ်လို့ ပြောထားပါတယ်။

Your browser doesn’t support HTML5

၂၀၂၁ ကန်လွှတ်တော်စီးနင်းမှု ဒေါ်နယ်ထရမ့် သမိုင်းတရားခံ ဖြစ်မယ် (မိုက်ပန့်စ်-ဒုသမ္မတဟောင်း).mp3

=====================

{{Unicode}}






