Minneapolis မြို့ ပစ်ခတ်မှု ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

နယူးယောက်မှာ ကျင်းပတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း။ (ဇွန် ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် Facebook လူမှုကွန်ရက်မှာ တက်လာတဲ့ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာတော့ သေနတ်ကျည်ဆန် ထိမှန်ခဲ့တဲ့သူတွေ မြေကြီးပေါ်မှာ လဲကျနေပြီး လူတွေက အဲဒီလူတွေကို အကူအညီပေးနေတာ၊ နောက်ပြီး ကျည်ဆန်ထိမှန်ပြီး ပြတင်းပေါက်တွေ ကွဲနေတဲ့ အဆောက်အအုံတွေကိုလည်း တွေ့ခဲ့ရပါတယ်။

SEE ALSO: အမေရိကန်တလွှား လူမျိုးရေးခွဲခြားမှု ဆက်လက်ဆန္ဒပြ

ညသန်းခေါင်ကျော် အချိန်လောက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးသလို ပစ်ခတ်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူ တယောက်မှ မရှိသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းမှာ အသွားအလာတွေ သတိထားဖို့လည်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Minneapolis မြို့မှာ မကြာသေးခင်က လူမည်းအမျိုးသား George Floyd ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကနေတဆင့် အမေရိကန်နိုင်ငံတဝန်းမှာရော ကမ္ဘာတဝန်းမှာပါ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့ တောင်းဆိုတဲ့ Black Lives Matter လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

Minneapolis မြို့ ပစ်ခတ်မှု ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

---------------------------

(Unicode)

Minneapolis မွို့ ပဈခတျမှု ၁ ဦးသေ၊ ၁၁ ဦး ဒဏျရာရ





SEE ALSO: လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အမေရိကန်မှာ ဆက်လက်ဖြစ်ပွား
