(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နေ့စဉ်ကူးစက်သူအရေအတွက် သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁,၀၀၀ အောက်လျော့သွားပေမဲ့၊ စစ်ဆေးမူအနည်းငယ်နည်းသွားပြီး၊ သေဆုံးမူကတော့ ၄၀ ခန့်အထိရှိခဲ့ပါတယ်။
ဒီသီတင်းပတ် ယခင်ရက်တွေအတွင်း စစ်ဆေးမူပေါင်း တစ်သောင်းကျော်နေ့စဉ်ရှိခဲ့ရာကနေ၊ မနေ့ကတော့ ဒီစစ်ဆေးမူတစ်သောင်းအောက်ရောက်ခဲ့ရာကနေ ခုလိုတွေ့ရှိခဲ့တာဖြစ်ပေမဲ့၊ ဒီရက်ပိုင်းတွေအတွင်း ပိုးတွေ့နှုန်းက ၁၀ % အောက်ပြန်ကျလာနေပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၆၅၆ ခုကို စစ်ဆေးခဲ့ပြီး၊ ပိုးကူးစက်သူ ၈၈၈ ဦး ထပ်တိုးပြီး၊ နောက်ထပ်သေဆုံးသူ ၃၉ ဦးရှိခဲ့ပါတယ်။
ဒါကြောင့် စုစုပေါင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၃၁,၃၂၅ ရှိလာပြီး၊ သေဆုံးသူပေါင်းကလည်း ၇၃၂ ယောက်အဖြစ် ၇၀၀ ကျော်အဆင့်ကိုတက်လာနေပါတယ်။
ဒါပေမဲ့ ပြန်ကောင်းလာသူတွေလဲ ပိုများလာကာ၊ မနေ့က ၂,၀၉၇ ယောက် ဆေးရုံက ဆင်းခွင့်ရတာကြောင့်၊ စုစုပေါင်း ပြန်ကောင်းလာသူ ၁၃,၈၆၆ ယောက်အဖြစ် စုစုပေါင်းပိုးတွေ့သူရဲ့ သုံးပုံတစ်ပုံကျော် လာပါပြီ။
ဒီကနေ့ညနေပိုင်း ထုတ်ပြန်ချက်အရလည်း တနေ့က ပိုးတွေ့သူပေါင်း ၁၁၂၃ ဦးမှာ၊ ထုံးစံအတိုင်း ရန်ကုန်တိုင်းက ၉၁၅ ဦးနဲ့ ကူးစက်သူအများဆုံးဆက်ဖြစ်ခဲ့ပြီး၊ မန္တလေးက ၆၀ သာ ဒုတိယနဲ့ ပဲခူးက ၅၈ ဦးအဖြစ်နဲ့သာ တတိယအများဆုံးဖြစ်ခဲ့ပါတယ်။
အများဆုံးဖြစ်နေတဲ့ ရန်ကုန်က မြို.နယ်တွေထဲမှာလည်း၊ စက်ရုံတွေများတဲ့ မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမှာ ကူးစက်သူပေါင်း ၁၅၀၀၊ ၁၆၀၀ ဝန်းကျင်စီနဲ့ ထိပ်ဆုံးဖြစ်နေချိန် စက်ရုံတချို့ ပြန်ဖွင့်လာတာကြောင့်ကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။
Your browser doesn’t support HTML5
...........