မြန်မာ COVID-19 ရောဂါကူးစက်သူ ၁၃၃,၃၇၈ ယောက်၊ သေဆုံးသူ ၂,၉၂၆ ယောက်

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ အထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၃၃,၀၀၀ ကျော်၊ သေဆုံးလူနာ ၃၀၀၀ နီးပါးရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၅၁၃ ယောက် နဲ့ သေဆုံးသူက ၁၄ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ရောဂါအခံရှိသူက ၁၁ ယောက်ဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အတွက် စမ်းသပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း က ၂၂,၇၅၅ ခုပါ။

SEE ALSO: ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉၃ သန်း ကျော်သွားပြီ

ဇန်နဝါရီ ၁၅ ရက် သောကြာနေ့ည ၈ နာရီအထိ အတည်ပြုလူနာ စုစုပေါင်း ၁၃၃,၃၇၈ ယောက်၊ သေဆုံးသူ စုစုပေါင်း ၂,၉၂၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၁၆,၆၁၀ ယောက်တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်အတည်ပြုလူနာ အရေအတွက်ဟာ ရက်ပိုင်းအတော်ကြာထဲက ၁,၀၀၀ အောက်ရောက်နေပေမဲ့ ၅၀၀ နဲ့အထက်မှာ ရှိနေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေကို ရှေ့လ ဖေဖော်ဝါရီလထဲမှာ ဦးစားပေးအဆင့်လိုက် စတင်ထိုးနိုင်မယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ခန့်မှန်းထားပါတယ်။

[Unicode Version]



SEE ALSO: တရုတ်ပြန်မြန်မာ ၃ ဦး ကိုဗစ်ကူးနေလို့ နယ်စပ်လုံခြုံရေး တင်ကြပ်ထား


