(Zawgyi / Unicode)
ဒီကနေ့ နောက်ဆုံး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၈,၄၃၆ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ ၁,၅၃၄ ဦး ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၆၂ ဦး ရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄၅၈,၁၅၄ ဦး ရှိသွားပြီဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၅၂၇ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ၄၁၁,၉၅၅ ဦး ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူစက်ပြန့်ပွားမှု အခြေအနေကြောင့် ကျောင်းများပိတ်ထားတာကို အောက်တိုဘာလ ၂၄ ရက်နေ့အထိ ဆက်လက်ပိတ်ထားမှာဖြစ်ပြီး အသက် ၁၂ အထက် ကလေးတွေကိုလည်း Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်နေကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
----------------------
(Unicode)