မြန်မာကမ်းရိုးတန်းဒေသ ငါးပမာဏ လျှော့နည်းလာ

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက စစ်တမ်းတွေအရ ငါးသယံဇာတနဲ့ ငါးမျိုးကွဲတွေ သိသိသာသာ လျော့နည်းသွားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes က VOA ကို ပြောဆိုပါတယ်။ ပင်လယ်ပြင်ဂေဟစနစ်ကို တလကျော်ကြာ လေ့လာစမ်းစစ်နေတဲ့ နောဝေနိုင်ငံက သုသေတန သဘောၤတစင်းလည်း မြန်မာ့ကမ်းရိုးတန်း ဒေသတွေမှာ ရောက်ရှိနေပါတယ်။ ဒီသဘောၤအကြောင်း သံအမတ်ကြီး Tone Tinnes ကို VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦး ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်း ထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ ကမ်းရိုးတန်း တလျှောက်မှာ နော်ဝေနိုင်ငံက သုတေသန သဘောၤတစင်း ပင်လယ်ပြင် ငါးသယံဇာတနဲ့ ငါးမျိုးကွဲတွေအကြောင်း သုတေသနလုပ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါခင်ဗျား။

သံအမတ်ကြီး Tone Tinnes။ ။ Dr. Fridtjof Nansen လို့ခေါ်တဲ့ သုတေသန သဘောၤဟာ မကြာခင်ကပဲ မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ဒါ သဘောၤအသစ်ပါ။ တည်ဆောက်ပြီးတာ တနှစ်ပဲ ရှိပါသေးတယ်။ သိပ်ကို ခေတ်မှီပြီး နောက်ဆုံးပေါ် နည်းပညာတွေသုံးထားပါတယ်။ သီရိလကာၤကနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်းမှာ ရပ်နားပြီး ရန်ကုန်ကိုရောက်လာတာပါ။ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကိုသွားပြီးရင် ခရီးစဉ် တာဝန် ပြီးဆုံးပါပြီ၊ ဒါက တတိယမြောက် သုတေသနသဘောၤပါ။ သဘောၤသုံးစင်းလုံး မြန်မာပြည်ကို အရင်ကလည်း ရောက်ဖူးပါတယ်။ မြန်မာနိုင်ငံကို သုတေသနလုပ်တဲ့အကြိမ်က ဒါ ပဉ္စမမြောက်ပါ။ နော်ဝေနိုင်ငံသမိုင်းမှာ အရှည်ကြာဆုံး ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်ပါ။ နှစ်ပေါင်း ၄၀ ရှိပါပြီ။

ဦးသိန်းထိုက်ဦး ။ ။ ပင်လယ်ပြင်ထဲမှာ ရောက်နေတဲ့ ပလစ်စတစ်အမှိုက် အပိုင်းအစတွေ၊ နောက် ဒီပလပ်စတစ်အမှိုက် တွေကြောင့် ငါးတွေမှာ ဘယ်လောက် အဆိပ်သင့်သလဲ ဆိုတဲ့ အချက်တွေကိုလည်း လေ့လာတဲ့အကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ဒီကိစ္စကို လေ့လာတာဆိုပြီးတော့လည်း သတင်းတွေမှာရေးပါတယ်။ ဟုတ်ပါသလားခင်ဗျား။

သံအမတ်ကြီး Tone Tinnes။ ။မြန်မာနိုင်ငံကို လာရောက်သုတေသနလုပ်တဲ့အခါတိုင်း Nansen အစီအစဉ်အရ မြန်မာပင်လယ်ပြင်မှာ ငါးမျိုးကွဲတွေ ဘယ်လောက်ရှိသလဲ ဆိုတာကို အရင်က လေ့လာခဲ့တာပါ။ ဒီတခေါက်တော့ ပလပ်စတစ်အမှိုက်တွေလည်း လေ့လာပါတယ်။ ပင်လယ်ပြင်ထဲမှာရှိတဲ့ ပလပ်စတစ်အမှိုက်တွေရဲ့ နမှုနာတွေကို ယူပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ပင်လယ်ပြင် ဂေဟစနစ်တွေ၊ ပလပ်စတစ်အမှိုက်အပိုင်းအစတွေ မှုတွေကို သုတေသနလုပ်တဲ့အခါ ဘယ်လိုအချက်တွေကို ရှာဖွေတွေ့ရှိပါသလဲ။ အရင်က လုပ်တဲ့ သုတေသနတွေနဲ့ရော ဘာကွာခြားချက်တွေ ရှိပါသလဲ။

သံအမတ်ကြီး Tone Tinnes။ ။ ကျမသိသလောက် ဒီတခေါက်မှာ မြန်မာနိုင်ငံက သုတေသနပညာရှင် ၁၉ ယောက်လည်း နော်ဝေနိုင်ငံက ပညာရှင်တွေနဲ့ သုသေသနကိစ္စတွေကို လက်တွဲဆောင်ရွက်နေပါတယ်။ ပင်လယ်ပြင်က စူးစမ်းရှာဖွေထားတဲ့ နမူနာ မျိုးကွဲ အမြောက်အများကို မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ်၊နဲ့ မြိတ် တက္ကသိုလ်တွေကို ယူသွားပါလိမ့်မယ်။ အဲဒီမှာ ရှာဖွေတွေ့ရှိတာတွေကို စမ်းသပ်ပါ့မယ်။ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ကြီးဌာန၊ အရာရှိတွေ၊ ငါးလုပ်ငန်းဌာနဆိုင်ရာ အရာရှိတွေ လည်း လေ့လာကြည့်ရှုပါလိမ့်မယ်။ ၂၀၁၈ ခုအတွက်တော့ တွေ့ရှိချက်တွေကို ပြောဖို့ သိပ်စောပါသေးတယ်။

အရင်စူးစမ်းလေ့လာတွေ့ရှိချက်တွေနဲ့ နိုင်းယှဉ်ရင်တော့ ငါးသယံဇာတ ပမာဏ သိသိသာသာ လျှော့နည်းသွားတာ တွေ့ရပါတယ်။ ၁၉၇၉ ပထမဆုံးအကြိမ် ဒီကိုလာပြီး စူးစမ်းတဲ့အချိန်ကနဲ့ ၂၀၁၅ အတွင်းမှာနိုင်းယှဉ်တာပါ၊ တိုးတက်မှု အနည်းငယ်လည်း ရှိတာလည်း တွေ့ရပါတယ်။ တိုးတက်မှုဆိုတာက (ကျမ ဝန်ကြီးဌာနအရာရှိတချို့နဲ့ တွေ့ဆုံပြောဆိုကြည့်တဲ့အခါသိရသလောက်) ပြည်ပက ငါးဖမ်းသဘောၤတွေ ဝင်ရောက် ငါးဖမ်းတာကို ကန့်သတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ဒီ သုသေတန စီမံချက်ဟာ ၁၉၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ စူးစမ်းရှာဖွေရေးသမား Dr. Fridjof Nansen ကို ဂုဏ်ယူပြီး ၁၉၇၅ မှာ စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။ စူးစမ်းရှာဖွေမှုတွေနဲ့အတူ ဘယ်လို ကူညီထောက်ပံ့မှုတွေ နော်ေ၀ နိုင်ငံက ပေးပါသလဲ၊

သံအမတ်ကြီး Tone Tinnes။ ။ ရှင်ပြောတဲ့အတိုင်းပါပဲ ဒီစူးစမ်းရှာဖွေရေး စီမံချက်က နှစ် ၄၀ ရှိပါပြီ။ မြန်မာနိုင်ငံကမ်းလွန်က ရတဲ့ သုသေတန နမှုနာတွေ အမြောက်အများကို သိမ်းဆည်းထားပါတယ်။ အာဖရိက၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာလည်း သုတေသနလုပ်ပါတယ်။ အဲဒီနိုင်ငံတွေက အစိုးရတွေအနေနဲ့ မူဝါဒတွေ ချမှတ်နိုင်အောင် သုသေတနလုပ်ငန်းက အထောက်အကူပြုပါတယ်။ သဘောၤသွားခဲ့တဲ့ နိုင်ငံတွေက ပညာရှင်တွေ၊ နော်ဝေနိုင်ငံက ပညာရှင်တွေ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်တာပါ။ မြန်မာနိုင်ငံက ပညာရှင်တွေအတွက် သုသေတန အချက်အလက်တွေရှာဖွေ ကူညီပေးတာပါ။

ဦးသိန်းထိုက်ဦး ။ ။ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတယ်လို့ သိရပါတယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ ကမ်းရိုးတန်းတလျှောက်သွားပြီးရင် တခြား ဘယ်နေရာတွေကို ခရီးဆက်ဖို့ ရှိပါသလဲခင်ဗျား။

သံအမတ်ကြီး Tone Tinnes။ ။ ရခိုင်၊ ဧရာဝတီ၊ တနသာၤရီနဲ့ ကမ်းရိုးတန်း အောက်ဖက်အထိ ကမ်းရိုးတန်းတလျှောက်လုံးကို သွားပြီး၊ သုသေတနအချက်အလက်တွေကို စူးစမ်းရှာဖွေမှာပါ။ မြန်မာနိုင်ငံပြီးရင်၊ ဒီတခေါက် တာဝန်တွေပြီးဆုံးပါပြီ၊ သဘောၤ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ တောင်အာဖရိကို ထွက်ခွာမှာဖြစ်ပါတယ်။

သံအမတ်ကြီး Tone Tinnes ကို VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦး ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာပါ။

Your browser doesn’t support HTML5

မြန်မာကမ်းရိုးတန်းဒေသ ငါးပမာဏ လျှော့နည်းလာ

Your browser doesn’t support HTML5

ပင်လယ်ပြင်ဂေဟစနစ်ကို လေ့လာတဲ့ နော်ေ၀ သုတသနသင်္ဘော