မြန်မာအပေါ် ဒဏ်ခတ်အရေးယူဖို့ အမေရိကန်သုံးသပ်နေပြီ

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက Ned Price။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်ဖို့ သုံးသပ်မှုတွေ ပြန်လုပ်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက Ned Price ပြောပါတယ်။

အမေရိကန် အစိုးရအနေနဲ့ သုံးသပ်မှုတွေ မနေ့က စပြီး လုပ်ဆောင်နေကြောင်းနဲ့ အချက်အလက်တွေ စုဆောင်းနေသလို ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုတွေလည်း ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ned Price က ပြောပါတယ်။

ဒီ အဖြစ်အပျက်က စစ်တပ်အာဏာသိမ်းမှု ဖြစ်တယ်ဆိုတာကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်ခဲ့သလို ဒီလိုဆုံးဖြတ်နိုင်ခဲ့တာကြောင့် အရေးယူမှုတွေ ချမှတ်ဖို့ အခုလို မြန်မြန်ဆန်ဆန် သုံးသပ်နိုင်တာလို့လည်း Ned Price က ပြောပါတယ်။

SEE ALSO: မြန်မာစစ်အာဏာသိမ်းမှုပေါ် ဖိအားပေးဖို့ နိုင်ငံတကာအင်အား ကုလသမဂ္ဂစုစည်းမယ်

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ အမေရိကန်နိုင်ငံက ကာလရှည် ပေးအပ်ထားတဲ့ ကတိကဝတ်တွေနဲ့အညီ အခုကိစ္စကို ဆုံးဖြတ်သွားမယ် လို့လည်း Ned Price က ပြောပါတယ်။

မြန်မာပြည်သူတွေကို ဆက်လက် ထောက်ပံ့ကူညီပေးဖို့ကိစ္စ အခုအချိန်ထက် ပိုပြီး အရေးကြီးတဲ့ အချိန် မရှိကြောင်း၊ အာဏာသိမ်းမှု နောက်ကွယ်မှာ ရှိနေသူတွေအပေါ် ထပ်ဆောင်းမူဝါဒတွေ ချမှတ်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာအပေါ် ဒဏ်ခတ်အရေးယူဖို့ အမေရိကန်သုံးသပ်နေပြီ

[Unicode Version]




SEE ALSO: ဖမ်းဆီးခံ မြန်မာခေါင်းဆောင်တွေကို တရားစွဲဆိုမှုအပေါ် ကုလ ဝေဖန်


