မြန်မာကိုယ်စားလှယ်၂ ယောက်အထဲ ကုလ ဘယ်သူ့ကိုရွေးမလဲ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်း

(Zawgyi/Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာအတွက် စစ်ကောင်စီက ဝါရှင်တန်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ခန့်အပ်လိုက်ပါတယ်။ လက်ရှိသံအမတ်ကြီး တာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးမယ့် အစီအစဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကို အကြောင်းကြားထားတယ်လို့လည်း ဝါရှင်တန် မြန်မာသံရုံးက သံအမတ်ကြီး ဦးအောင်လင်းက RFA ကို အင်္ဂါနေ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အဲဒါ ဟုတ်ပါတယ်။ ဒီဟာကို အစိုးရက ကုလသမဂ္ဂဌာနချုပ်က အတွင်းရေးမှုးချုပ်ဆီ စာပို့ထားပါတယ်။ ကုလသမဂ္ဂဘက်က သူတို့ ဆုံးဖြတ်မှာပါ။ ကုလသမဂ္ဂမှာ Credential Committee ဆိုတာ ရှိပါတယ်။ သူတို့က ဆုံးဖြတ်မှာပါ။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်းကတော့ စစ်ကောင်စီက အာဏာသိမ်း ဖယ်ရှားလိုက်တဲ့ အစိုးရကိုသာ ဆက်လက် ကိုယ်စားပြုမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ ကုလသမဂ္ဂက သံတမန်တွေကို အသိအမှတ်ပြုလက်ခံရတဲ့ Credential Committee မှာ အချေအတင် အငြင်းပွားစရာတွေလည်း ကြုံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာရောက် မြန်မာသံတမန် ဝန်ထမ်းတချို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြရာက စစ်ကောင်စီက တာဝန်က ရပ်စဲတာ ခံခဲ့ကြရသူတွေလည်း ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာကိုယ်စားလှယ်၂ ယောက်အထဲ ကုလ ဘယ်သူ့ကိုရွေးမလဲ


...........

(Unicode)


“အဲဒါ ဟုတျပါတယျ။ ဒီဟာကို အစိုးရက ကုလသမဂ်ဂဌာနခြုပျက အတှငျးရေးမှုးခြုပျဆီ စာပို့ထားပါတယျ။ ကုလသမဂ်ဂဘကျက သူတို့ ဆုံးဖွတျမှာပါ။ ကုလသမဂ်ဂမှာ Credential Committee ဆိုတာ ရှိပါတယျ။ သူတို့က ဆုံးဖွတျမှာပါ။”

