(Zawgyi/Unicode)
မြန်မာ့ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ဝေခွင့် ပိတ်ပင်ကြောင်း ကြေညာခံရပေမယ့်လည်း DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္ဈိမသတင်းဌာန၊ Myanmar Now၊ နဲ့ ခေတ်သစ်မီဒီယာတွေ မူလ အတိုင်း သတင်းလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ကြပါတယ်။
သတင်းထုတ်လွှင့်မှု ရုပ်သိမ်းကြောင်း ကြေညာပြီး နောက်တနေ့မှာဘဲ ရန်ကုန်မြို့ သန်လျင်က မဇ္ဈိမသတင်းဌာန ရုံးတခုကို လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့သလို ကမာရွတ် သတင်းဌာန ရုံးကိုလည်း ဝင်ရောက်စီးနင်း ရှာဖွေပြီး အယ်ဒီတာချုပ် ဦးမောင်မောင်ထွေး (ခေါ်) ဦးနေသန်မောင်နဲ့ သတင်းဌာန တွဲဖက်တည်ထောင်သူ ဦးဟန်သာငြိမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးက ပစ္စည်း တချို့လည်း သိမ်းဆည်းသွားကြောင်း ပြည်တွင်း သတင်းတွေက ဖော်ပြကြပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြ သတင်းတွေ ရယူမှု အတွင်း အကြမ်းဖက် ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။ တနလာၤနေ့က သတင်းထုတ်လုပ်ခွင့် ရပ်ဆိုင်းကြောင်း ကြေညာခံရတဲ့ ပြည်တွင်း သတင်းဌာန ၅ ခုထဲမှာ 7Day News ကတော့ အင်္ဂါနေ့မှာ သတင်းထုတ်တာ မတွေ့ရပါဘူး။
Your browser doesn’t support HTML5
...............
(Unicode)