ထိုင်းရဲအရာရှိတဦးပိုင် ရနောင်း အနှိပ်ခန်းဖမ်းဆီးမှု မြန်မာမိန်းကလေးငယ်များပါဝင်

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့က အနှိပ်ခန်းတခုကို ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သြဂုတ်လ ၃၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး လိင်လုပ်ငန်း လုပ်နေတယ်ဆိုတဲ့ သံသယနဲ့ လူ ၁၀ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသူ ၉ ဦးပါပြီး အသက်မပြည့်သေးသူတွေလည်း ပါနိုင်ခြေရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းမြို့ ရဲတဖက်ခြမ်း ရနောင်းမြိုကို နယ်စပ်ဖြတ်ကျော်လက်မှတ်တွေနဲ့ သွားပြီးထိုင်းရဲတွေ ဝင်ရောက်စီးနင်းခဲ့တဲ့အနှိပ်ခန်းမှာ အလုပ်လုပ်ကိုင်ကြတဲ့သူအများစုက မြန်မာနိုင်ငံသူတွေဖြစ်နေတာပါ။ အနှိပ်ခန်းဟာပြည့်တန်ဆာလုပ်ငန်းတွေအပြင် လူကုန်ကူးမူတွေလည်း ပတ်သက်နိုင်တယ်လို့ သတင်းရတာကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ဖြစ်ကြောင်း ဒီအမူကို ဒီအက်အိုင်နဲ့ အတူ ဘာသာပြန်တာအပါ အဝင်တခြားကိစ္စတွေကို အကူညီပေးခဲ့တဲ့ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက ဦးမင်းဦးကပြောပြပါတယ်။

"သူတို့ ၃၁ ရက်နေ့ကညက ၇နာရီခွဲက DSI ကသတင်းရလို့ဝင်စီးတာ ၁၀ယောက်မိတယ်၉ယောက်က မြန်မာတယောက်က ထိုင်း အနှိပ်ခန်းပိုင်ရှင်က ရဲအရာရှိပေါ့။ မန်နေဂျာ ဇိမ်ဂေါင်းလို့ပြောလို့ရတဲ့အမျိုးသမီးကမြန်မာ သူကိုလည်းမိတယ် ကလေး လိုယူဆရတဲ့ အသက် ၁၈နှစ်အောက် ၃ယောက်ပါတယ် အဲဒီ ကလေးတွေကိုတော့ ဂေဟာမှာထားတယ် အမျိုုးသမီးနဲ့ ကလေးစောင့်ရှောက်ရေးဂေဟာမှာထားတယ်။"

မြန်မာနိုင်ငံသူ အမျိုးသမီးတွေအနေနဲ့ နယ်စပ်မှာဖြတ်ကျော်တဲ့လက်မှတ်တွေနဲ့ အလုပ်လာလုပ်နေကြတာဖြစ်ပြီး သူတို့လက်မှတ်တွေကတော့အခုလို အလုပ်မျိုးတွေလုပ်ခွင့်မရှိဘူးဆိုပါတယ်။

သူတို့အထောက်အထားလက်မှတ်တွေကိုတော့မြန်မာဘက်ခြမ်းက လဝကအရာရှိတွေနဲ့လူကုန်ကူးမူတားဆီးနှိပ်နင်းရေးရဲတပ်ဖွဲတွေ စစ်ဆေးခဲ့တယ်လို့လည်းသူကဆိုပါတယ်။

"ဒီဘက်ခြမ်းမှာကျတော့ သူတို့ဝင်လာတဲ့ မှတ်ပုံတင်နဲ့ သူတို့ဝင်လာတဲ့ Boder pass ကိုကျတော့ မြန်မာဘက်က လဝကနဲ့ လူကုန်တားရဲအဖွဲ့စစ်တယ်"

အသက်မပြည့်သေးဘူးလို့ယူဆရတဲ့ကလေးတွေကိုတော့ သွားနဲ့ အရိုးတွေကိုစစ်ဆေးပြိး အသက် ၁၈နှစ်အောက်တွေဖြစ်မယ်ဆိုရင်တော့ လူကုန်ကူးမူဥပဒေနဲ့ ပါ အရေးယူဖို့ရှိတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

၂၀၁၈ခုနှစ်အတွက်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမူနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် tire 2 ကလျော့ချလိုက်ပြီး အဆိုးဝါးဆုံး TIRE 3 အဆင့်ကိုသတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလူမျိုးတွေ နဲ့ ဆက်စပ်ပြီးလူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲထည့်သွင်းထားဆဲဖြစ်ပါတယ်။