(Zawgyi / Unicode)
အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ နေထိုင်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါရှိမရှိ ဆိုတာကို ဆေးဆိုင်တွေမှာ မကြာခင် စစ်နိုင်တော့မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးဖို့အတွက် ဆေးဆိုင် ၅,၀၀၀ ကို ခွင့်ပြုသွားမှာဖြစ်ပြီး တနေ့ကို စမ်းသပ်မှုပေါင်း ၄၀,၀၀၀ လောက် လုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် နယူးယောက်မြို့က ဆေးရုံ ၄ ခုမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားရှိမရှိ ဆိုတာကို စမ်းသပ်စစ်ဆေးခွင့်ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
SEE ALSO: နယူးယောက်မှာ COVID-19 ကူးစက်ခံ မြန်မာ-အမေရိကန်တချို့ သေဆုံးအမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၄,၀၀၀ နီးပါး ရှိနေတဲ့အထဲက ၃ ပုံ ၁ ပုံကတော့ နယူးယောက်မှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၉၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူပေါင်းဟာလည်း ၂၀၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
----------------------------------
(Unicode)
SEE ALSO: ကိုဗစ် ကုသ၊ ကာကွယ်ဆေးကို လူတိုင်းသုံးနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ WHO ဆွေးနွေးအမရေိကနျမှာ ကိုရိုနာဗိုငျးရပျဈကွောင့ျ သဆေုံးသူ ၅၄,၀၀၀ နီးပါး ရှိနတေဲ့အထဲက ၃ ပုံ ၁ ပုံကတော့ နယူးယောကျမှာ ဖွဈပါတယျ။