ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးကဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan. (မတ် ၂၃၊ ၂၀၂၂)

(Zawgyi / Unicode)

ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးကဖယ်ရှားရေး လွှတ်တော်ကြိုးပမ်းချက် အောင်မြင်မှု မရခဲ့ပါဘူး။

ဝန်ကြီးချုပ် Imran Khan ကို ဖယ်ရှားနိုင်ရေး အယုံအကြည်မရှိ အဆိုကို လွှတ်တော် ဆွေးနွေးပွဲအစမှာပဲ ဥပဒေရေးရာဝန်ကြီး Fawad Hussain က ဒီအဆိုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးထားတဲ့အတွက် တရားဥပဒေနဲ့ မညီကြောင်း ကြေညာပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်ကို သစ္စာစောင့်သိရေးဟာ ပြည်သူပြည်သားတိုင်းရဲ့ အခြေခံတာဝန် ဖြစ်တယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပါ စာပိုဒ်ကိုလည်း ဝန်ကြီးက ဖတ်ပြသွားပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကလည်း ဝန်ကြီးချုပ် Imran Khan အပေါ် အယုံအကြည်မရှိ အဆိုဟာ တရားမဝင်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ညီညွှတ်မှုမရှိကြောင်း ကြေညာပြီး လွှတ်တော် အထူးအစည်းအဝေးကို ရပ်နားလိုက်တာပါ။

ဝန်ကြီးချုပ် Khan ကို ရာထူးကဖယ်ရှားရေး ကြိုးပမ်းချက်မှာ ဘယ်လိုပါဝင်ပတ်သက်မှုမှ မရှိဘူးလို့ အမေရိကန်က ငြင်းဆိုပါတယ်။

လွှတ်တော်အစည်းအဝေး ပြီးဆုံးပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် Imran Khan ကလည်း ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ဥပဒေပြု အစည်းအဝေးအားလုံး ရပ်ဆိုင်းပြီး ရွေးကောက်ပွဲသစ်တရပ် ကျင်းပဖို့ ပါကစ္စတန်သမ္မတကို အကြံပြုထားတယ်လို့ နိုင်ငံတော်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

အဲဒီအကြံပြုချက်အတိုင်းပဲ သမ္မတ Arif Alvi ကလည်း လွှတ်တော်အစည်းအဝေး အားလုံး တရားမဝင်ကြောင်း ကြေညာလိုက်သလို လာမယ့် ရက် ၉၀ အတွင်းမှာပဲ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးကဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

--------------------------------

(Unicode)







