အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းက ဝန်ထမ်း ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲကယ်တင်

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးက ဝင်ရောက်စီးနှင်းခဲ့တဲ့ မက်ထရိုမနီလာဒေသ Las Piñas မြို့ရှိ ရုံးခန်း (ဇွန် ၂၇၊ ၂၀၂၃)

တရားမဝင်အွန်လိုင်းဂိမ်းတွေနဲ့ အင်တာနက် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံနေရတဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က အလုပ်သမား ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတွေက မနေ့(ဇွန်၂၇ ရက်)က စီးနင်းဝင်ရောက် ကယ်တင်ခဲ့ပါတယ်။

အဲ့ဒီ အလုပ်သမားတွေထဲမှာ တရုတ်နိုင်ငံသား ၆၀၄ ဦး၊ ဗီယက်နမ် ၁၈၃ ဦး၊ အင်ဒိုနီးရှား ၁၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၄ ဦး၊ ထိုင်း ၈၁ ဦးတို့အပြင်၊ မြန်မာ၊ ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီယာ၊ ဆူဒန်၊ နိုင်ဂျီးရီးယားနဲ့ ထိုင်ဝမ်တို့မှ လူအနည်းငယ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ သံသယရှိတဲ့ ခေါင်းဆောင် အဖမ်းခံရတယ် မခံရသေးဘူးဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးက ဝင်ရောက်စီးနှင်းခဲ့တဲ့ မက်ထရိုမနီလာဒေသ Las Piñas မြို့ရှိ ရုံးခန်း (ဇွန် ၂၇၊ ၂၀၂၃)

ညသန်းခေါင်ကျော်လောက်မှာ တရားမ၀င်အွန်လိုင်းဂိမ်းတွေနဲ့ အင်တာနက် ရာဇ၀တ်မှုတွေ လုပ်တယ်လို့ ယူဆရတဲ့ နေရာအတွင်းက အဆောက်အဦတွေကို ရဲတွေက ဖမ်းဝရမ်းတွေ ကိုင်ဆောင်ပြီး ရှာဖွေခဲ့တယ်လို့ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၊ ဆိုက်ဘာရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ Sydney Hernia က ပြောပါတယ်။

မေလတုန်းကလည်း ရဲတပ်ဖွဲ့ဟာ မနီလာမြောက်ဘက် Pampanga ပြည်နယ်ရှိ Clark ဆိပ်ကမ်းရှိ အွန်လိုင်း ရာဇ၀တ်မှုဆိုင်ရာ အခြေစိုက်စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်နဲ့ နိုင်ငံခြားသားအလုပ်သမားပေါင်း ၁,၄၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အခုလို အွန်လိုင်းရာဇ၀တ်မှုနဲ့ အလုပ်အကိုင်ရဖို့အတွက် ဖြားယောင်းလိမ်လည်မှုတွေဟာ ဒေသတွင်းပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အပါအ၀င် အာရှမှာ ဖြစ်နေတဲ့ အဓိကပြဿနာ တခုလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းက ဝန်ထမ်း ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲကယ်တင်