ကက်သလစ် ဘာသာဝင်တွေရဲ့ လေးစားကြည်ညို အလေးအမြတ်ထားသူ ပုပ်ရဟန်မင်းကြီး မြန်မာပြည်ကို ရောက်ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီး တဦးအနေနဲ့ မြန်မာပြည်ကို ကြွရောက်လာတဲ့ ပထမဦးဆုံးအကြိမ် သမိုင်းဝင်ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ အရပ်သားအစိုးရနဲ့ ဗာတီကန်အကြား ဆက်ဆံရေး နွေးထွေးမှု ပြယုဒ်ဖြစ်သလို၊ မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေးတွေအတွက် ထိရောက်တဲ့ သတင်းစကားဖြစ်မယ်လို့ ယူဆမှုတွေလည်းရှိပါတယ်။
ဒါကြောင့် အခု အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးခရီးစဉ်ဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ ချစ်ခင်သင့်မြတ်မှုဖြစ်ဖို့ ဘယ်လောက် အထောက်အပံ့ဖြစ်စေပါမလဲဆိုတာ ဆွေးနွေးထားကြပါတယ်။
Catholic သာသာနာ ဘုန်းတော်ကြီးတွေဖြစ်ကြတဲ့ Father Gawlu Yung Wa, Father John နဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ဒေါက်တာ မနန်တူးဂျာတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5