ကာတာ ကမ ္ဘာ့ဖလား ဘောလုံးပွဲ တနလာၤနေ့ ရလဒ် 

  • ဗွီအိုအေမြန်မာပိုင်း

{{Zawgyi/Unicode}}
ကာတာနိုင်ငံ၊ ဒိုဟာမှာကျင်းပနေတဲ့ 2022 ကမ္ဘာ့ဖလားဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာတော့ အုပ်စု G မှာ Cameroon နဲ့ ဆားဘီးယားတို့ တဖက် ၃ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

အုပ်စု G ဘရာဇီး နဲ့ ဆွစ်ဇာလန်ပွဲမှာ ဘရားဇီးက ဆွစ်ဇာလန်ကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အုပ်စု H ပွဲစဉ်တွေမှာတော့ ဂါနာက တောင်ကိုရီးယားကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီက ဥရုဂွေးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာတော့ အုပ်စု A ပွဲစဉ်တွေဖြစ်တဲ့ အီကွေဒေါနဲ့ စီနီဂေါ၊ နယ်သာလန်နဲ့ ကာတာ တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ အုပ်စု B ပွဲစဉ်တွေမှာတော့ အီရန်နဲ့ အမေရိကန်၊ ဝေလနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ် ။

Your browser doesn’t support HTML5

ကာတာ ကမ ္ဘာ့ဖလား ဘောလုံးပွဲ တနလာၤနေ့ ရလဒ်

{{Unicode}}

ကာတာ ကမ ်ဘာ့ဖလား ဘောလုံးပှဲ တနလာၤနေ့ ရလဒျ



